Main menu

Background

မန်း - ရန်ကုန် ကုန်တင်ကားများ တွက်ခြေကိုက်မှုနည်း

Wed, 09/05/2012 - 07:55 -- Anonymous (not verified)

မိုးတွင်းကာလ သီးနှံလက်ကျန်နည်းပါးလာခြင်း၊ ဝါတွင်းကာလဖြစ်လို့ အရောင်းအဝယ်နည်းပါးခြင်းနဲ့ ကုန်တင်ကားများ တန်ချိန် သတ်မှတ်ထား ခြင်းတို့ကြောင့် မန်း-ရန်ကုန်သွားကားများ ကုန်ပါးပြီး တွက်ခြေကိုက်မှု နည်း ကြောင်း သိရပါတယ်။ မန်းမှ ရန်ကုန်ကို အဆင်း ၆ ဘီးကားနဲ့ ၁၀ ဘီးကား များ ရပ်နားထားရပြီး၊ ၂၂ ဘီးကားများသာ တွက်ခြေကိုက်မှု အနည်းငယ် ရှိလို့ ပြေးဆွဲနေကြကြောင်း သိရပါတယ်။ ၁၂ ဘီးကားတစ်စီး မန်း-ရန်ကုန် အသွားအပြန် ကားခကျန်ငွေ ကျပ် ၂၅၀၀၀၀ ရှိပြီး အသုံးပြုတာယာတစ်လုံး တန်ဖိုး ၁၇၀၀၀၀ ကျပ်ရှိတယ်လို့လည်း သိရပါတယ်။

ကုန်တင်ခဈေးနှုန်းများအနေနဲ့ မန်း-ရန်ကုန် အဆင်းကားခ ကုန်ကျစ်၊ ကုန်ပွ အမျိုးအစားအလိုက် တစ်ပိဿာ ၄၀ ကျပ်မှ ၇၀ ကျပ်ထိရှိပြီး၊ ရန်ကုန် မှ မန်းကို အတက် ၆၅ ကျပ်၊ ၇၅ ကျပ်၊ ၈၀ ကျပ်၊ ၈၅ ကျပ်နဲ့ ၉၀ ကျပ် အသီးသီးရှိပြီး၊ အဆင်းကုန်ထက်စာရင် အတက်ကုန်က အနည်းငယ်တွက် ခြေကိုက်မှုရှိကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။သြဂုတ်လ ၂၉ ရက်ထိ ကုန်တင်ကားစီးလုံးဈေးနှုန်းများမှာ - မန်း - ရန်ကုန်    ရန်ကုန် - မန်း ၆ ဘီးကား     ၃၁၀၀၀၀ ကျပ်    ၄၀၀၀၀၀ ကျပ် ၁၀ ဘီးကား              -            ၄၅၀၀၀၀ ကျပ် ၁၂ ဘီးကား    ၄၃၀၀၀၀ ကျပ်    ၅၅၀၀၀၀ ကျပ် ၂၂ ဘီးကား    ၆၅၀၀၀၀ ကျပ်    ၁၂၀၀၀၀၀ ကျပ်ခင်မြင့်မြင့်သန်း