မန္တလေးမြေဈေးကွက်မှာ တစ်နိုင်ငံ လုံး အတိုင်းအတာအနေနဲ့ အရောင်း အဝယ်ကောင်းခဲ့သော်လည်း လတ်တ လောမှာ ကြိုက်ရောင်းကြိုက်ဝယ်နဲ့သာ ရောင်းဝယ်လျက်ရှိခြင်းကြောင့် ဈေး ကွက်အေးနေကြောင်း သိရပါတယ်။
မန္တလေးမြို့မှ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက "လတ်တလော မှာ အခွန်နှုန်းထား ထွက်ပြီးလည်း အရောင်းအဝယ်က အေးနေတယ်။ လဆန်းပိုင်းကတော့ မြေကွက်ကြည့်တဲ့ သူများလို့လိုက်ပြရပေမယ့် အမှန်တ ကယ်ဝယ်တဲ့သူနည်းပါတယ်။ ယခုလ ကုန်ပိုင်းမှာ အိမ်၊ ခြံ၊ မြေ ရောင်းချင်တဲ့ သူများနေလို့ အရောင်းအဝယ်အေးနေ ပေမယ့် ကိုယ့်လက်ထဲပစ္စည်းရှိအောင် လိုက်ကြည့်ထားရတယ်။ ဝယ်တဲ့သူနည်း တဲ့အတွက် အရောင်းအဝယ်အေးလို့ ဈေးကွက်ပုံမှန်မရှိဘူး။ ငွေလိုရင်တော့ ဈေးချရောင်းရတာမျိုးတော့ရှိတာပေ့ါ '' လို့ သုံးသပ်ပါတယ်။လတ်တလောမှာ မန္တလေးမြို့နဲ့အနီး ဒေသတစ်ဝိုက်ရှိ စီမံကိန်းရှိရာနေရာများ ဝယ်ယူမှု အချို့ရှိပြီး၊ Down Town ဧရိယာအတွင်း အချို့နေရာများမှာ လည်း အရောင်းအဝယ်ရှိကြောင်း၊ မန္တလေးမြေဈေးကွက် အေးနေပေမယ့် မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုမှာ ရှိပြီး၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံများကို ကုန်သွယ် မှုပြုရာ အလယ်မှာတည်ရှိတဲ့ မြို့ဖြစ် ခြင်းကြောင့် မန္တလေးမြေဈေးကွက် မကျဆင်းနိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့က သုံးသပ်ကြပါ တယ်။ ဇူးဇူး