Main menu

Background

ဟွန်ဒိုင်းကားကုမ္ပဏီနှင့် တရုတ်နိုင်ငံတို့ ဖက်စပ်ကားစက်ရုံထူထောင်

Wed, 09/05/2012 - 08:01 -- Anonymous (not verified)

တောင်ကိုးရီးယားနိုင်ငံ ကားထုတ်လုပ်မှုမှာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟွန်ဒိုင်းကားကုမ္ပဏီက ကမ္ဘာ့ကား ဈေးကွက်မှာ တစ်ဟုန်ထိုးကြီးထွားတိုးတက်နေတဲ့ ဈေးကွက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ထရပ်ကား ထုတ်လုပ်တဲ့စက်ရုံတစ်ရုံကို တရုတ်နိုင်ငံမှာ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ဟွန်ဒိုင်းကုမ္ပဏီက ပြောကြားလိုက် တယ်။

ဟွန်ဒိုင်းကားကုမ္ပဏီနဲ့ တရုတ်နိုင်ငံ စီချွမ်နမ်ဂျမ်ကားကုမ္ပဏီတို့က ၅၀-၅၀ အချိုးနဲ့ ဖက်စပ် ပါဝင်ကြပြီး စက်ရုံကို ၂၀၁၄ ခုနှစ် ပထမနှစ်ဝက် ကာလအတွင်း အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်တယ်။  ၎င်း စက်ရုံမှ နှစ်စဉ်ကားအစီးရေ ပေါင်း  ၁၅၀၀၀၀ ထုတ်လုပ်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကားဝယ်လိုအား ကြီးထွားတိုးတက် နေမှုကို ပြည့်မီနိုင်ဖို့အတွက် ကားအစီးရေပေါင်း ၃၀၀၀၀၀ ထိ တိုးတက်ထုတ်လုပ်သွားဖို့လည်း မျှော်မှန်းထားကြောင်းနဲ့ ဘတ်စ်ကားအစီးရေပေါင်း ၁၀၀၀၀ ကိုလည်း ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်သွားဖို့လည်း စီမံကိန်းထားရှိကြောင်း သိရတယ်။ယခုတည်ဆောက်တဲ့ စီချွမ်ဟွန်ဒိုင်း မော်တော်ကားစက်ရုံက ဟွန်ဒိုင်းကားကုမ္ပဏီရဲ့ တရုတ်နိုင်ငံမှာ တတိယ မြောက်ဖက်စပ်လုပ်ငန်းဖြစ်တယ်။  ဟွန်ဒိုင်းကားကုမ္ပဏီက တရုတ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကားအစီးရေ ပေါင်း ၄ ဒသမ ၀၃ သန်းရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ကားအစီးရေပေါင်း ၄ ဒသမ ၇၁ သန်းထိရောင်းချဖို့ မျှော်မှန်းထားကြောင်း လည်း သိရတယ်။                                                                    Source: AFP,စန္ဒာပျို