Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Wed, 09/05/2012 - 08:03 -- Anonymous (not verified)

မောရဝတီအသင်းမှ အသင်းခေါင်းဆောင် ဝိုင်းချစ်အောင်က ၎င်းတို့အသင်း အနေဖြင့် တန်းဆင်းရမည် ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သေသေချာ ချာပြောကြားထားခြင်းမရှိသေးကြောင်း ဇွဲကပင်အသင်းအား ၁-ဝဂိုးဖြင့် ရှုံး နိမ့်ခဲ့သည့်ပွဲအပြီးတွင် Channel-7 ရုပ်သံလိုင်းမှတစ်ဆင့်ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏နည်းပြချုပ်ဖြစ်သူ အိုင်ဗန်ကိုလဗ်က အသင်းမှ ကစားသမားနှစ်ဦးဖြစ်သည့် နယူချီနှင့်မျိုးမင်းထွန်းတို့၏ခြေစွမ်းများအပေါ် သုံးသပ်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ် ၂၀၁၂ ပွဲစဉ်၏နောက်ဆုံးပွဲစဉ်ဖြစ်သည့် ကမ္ဘောဇနှင့် ရတနာပုံအသင်းတို့၏ပွဲစဉ်တွင် အသင်းအတွက်တာဝန်ကျေပွန်သောအိမ် ကွင်းပရိသတ်များအား ဂုဏ်ပြုနှုတ်ဆက်ပွဲကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရက္ခပူရယူနိုက်တက်နည်းပြချုပ် ဦးဟန်ထွန်းက မိုးသည်းထန်စွာရွာသွန်းထား မှုကြောင့် ကွင်းအတွင်းရေဝပ်ေ နခဲ့ပြီးကစားရခက်သည့်အနေအထားမျိုးတွင် ချင်းယူနိုက်တက်အသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် အတွက် ကျေနပ်မိ ကြောင်း ပြောကြားခဲ့သည်။ နေပြည်တော်အသင်းနည်းပြချုပ်ဖြစ်သူူ ဦးကျော်လွင်က ဟံသာဝတီ အသင်း ကိုရှုံးနိမ့်ခဲ့သော်လည်း ရာသီကုန်တွင် အဆင့်ငါးနေရာကို ရရှိမည်ဟု ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။