Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မုံရွာမြို့တွင်ကျင်းပ

Wed, 09/05/2012 - 08:07 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၆ ရက်က မုံရွာမြို့ မြို့တော် ခန်းမမှာကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ကို နံနက် ၉ နာရီမှာစတင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာမှာ ပြည်သူဗဟိုပြု မူဝါဒလမ်းစဉ်များ ချမှတ်နိုင်ရန် လူမှုစီးပွားရေးဘဝပြုပြင်ပြောင်းလဲရေး တိုးတက် အောင်ဆောင်ရွက်နိုင်ရန် ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေလုပ်ထုံး လုပ်နည်းများအစ ဈေးကွက်စီးပွားရေးနဲ့ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်း များ ပြင်ဆင်ပြဋ္ဌာန်းခြင်းနဲ့ ပြည်သူများ အဆင်ပြေချောမွေ့စေဖို့ အစိုးရဌာနဆိုင်ရာများနဲ့သာ ညှိနှိုင်းဆုံးဖြတ်မယ့်အစား ပညာရှင်များ၊ အသင်းအဖွဲ့ဝင်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူလယ်သမား စတဲ့ ကျွမ်းကျင်သူအလွှာအားလုံးပါဝင်စေဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ၂၀၁၂-၁၃ ခုနှစ် ကဏ္ဍအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေဖို့ လျာထားချက်များကို ရှင်းလင်းလမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများကို တစ်ဦးချင်းဆွေးနွေးတင်ပြခဲ့ကြရာ မုံရွာစီးပွားရေး ကဏ္ဍမှ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ပြင်ပ စီးပွားရေးဆက်ဆံမှုများမှာ ပူးပေါင်းပါဝင်မှုဆိုင်ရာ ကိစ္စများ၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ စက်မှုဇုန်ရှိ စက်မှုလက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ တိုင်းဒေသကြီး လျှပ်စစ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ကိစ္စရပ် များ၊ တိုင်းဒေသကြီးစီးပွားရေးဘဏ်မှ ဈေးကွက်စီးပွားရေးနဲ့ ခေတ် သစ်ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ တိုင်းဒေသကြီး လယ်ယာထွက် ကုန်တိုင်းမန်နေဂျာမှ စီးပွားရေးတိုးတက်မှုအတွက် အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်များ၊ သစ်တောဦးစီးဌာနမှ  အစိမ်းရောင် စီးပွားရေး GREEN  ECONOMY  ဆိုင်ရာကိစ္စများ၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ နိုင်ငံခြားသားပညာရှင်များ ခန့်ထားခြင်းဆိုင်ရာ ကိစ္စများ ကို ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ကဏ္ဍအလိုက် ဖြေကြားခဲ့ကြပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ တယ်လို့ သိရပါတယ်။    ထွန်းလှိုင်