Main menu

Background

လွယ်ဂျယ်နယ်စပ်စခန်း၏ ထူးခြားပို့ကုန်၊ သွင်းကုန်များ

Wed, 09/05/2012 - 08:06 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေး (လွယ်ဂျယ်) စခန်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်းတည်ရှိပြီး တစ်ဖက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ လုံချွန်ခရိုင်၊ ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်း ကျေးရွာနဲ့ ကပ်လျက်တည်ရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။ ပို့ကုန်ပိုင်းအနေနဲ့ ဆန်၊ ပြောင်း၊ ကြိမ်တို့ကို အဓိကတင်ပို့လျက်ရှိပြီး ရာသီထွက်ကုန်အနေနဲ့ ဖရဲတင်ပို့ခဲ့ပါတယ်။ ယခုသြဂုတ်လ အတွင်း ပို့ကုန်အနေဖြင့် တင်ပို့ခြင်းမပြုသည်မှာ နှစ်ချီ၍ကြာမြင့်နေပြီဖြစ်တဲ့ ဝဥခြောက်များကို ၄၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရရော မိုးနည်းပါး၍ လမ်းပန်းဆက်သွယ်ရေး အနည်း ငယ်ကောင်းမွန်လာတာကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များ သွင်းကုန်လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ဆောင် ရွက်လာတာကို တွေ့ရပါတယ်။ သွင်းကုန်ပိုင်းအနေနဲ့ ချည်ထည်၊ အဝတ်ပိတ်စများနဲ့ စတီးပစ္စည်းများကို ပုံမှန်တင်သွင်းနေရာမှ ယခုသြဂုတ်လအတွင်း ဤစခန်းအနေနဲ့ ယခင်က ပုံမှန်တင်သွင်းခြင်းမရှိခဲ့သော သုံးဘီးဆိုင်ကယ်များအား ကုမ္ပဏီ သုံးခုတို့မှ စုစုပေါင်းအစီးရေ ၁၂၀ တင်သွင်းလာခဲ့ပါတယ်။ ယခုလိုသုံး ဘီးဆိုင်ကယ်များ တင်သွင်းမှုများပြားလာတဲ့ အကြောင်းအရင်းက ကချင်ပြည်နယ်အတွင်း ဗန်းမော်ခရိုင် နှင့် မြစ်ကြီးနားခရိုင်ရှိ မြို့နယ်များ၊ ကျေးရွာ များတွင် အများပြည်သူများခရီးသွားလာရေးတွင် များစွာ အသုံးဝင်ကြောင်း၊ မြို့ပေါ်တွင် ကုန်ပစ္စည်းသယ်ယူရေးသာမက ကျေးရွာများတွင် အခြေခံလူတန်း စားများ၏ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူရေးတွင် များစွာအသုံးဝင်၍ တရားဝင်တင်သွင်းခွင့်ရရှိ လာပြီဖြစ်လို့ တင်သွင်းလာတာလို့  သိရပါတယ်။ ဆက်လက်ပြီး ဒေသခံများ၏ လိုအပ်ချက်အရ ထပ်မံ တင်သွင်းရန်လည်းရှိသေးတယ်လို့ သိရပါတယ်။                                   နကသ (လဂ)