Main menu

Background

အာရှခရီးသွားများကြောင့် ဗီယက်နမ်ရောက်ခရီးသည်ဦးရေမြင့်တက်

Wed, 09/05/2012 - 09:31 -- Anonymous (not verified)

ယခုနှစ် ပထမရှစ်လအတွင်း ဗီယက်နမ်ကို လာရောက်လည်ပတ်နေတဲ့ နိုင်ငံခြားသားခရီးသွားဦးရေမှာ ၄ ဒသမ ၃၈ သန်းရှိခဲ့တဲ့အတွက် ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒီအတိုင်း တိုးတက်သွားမယ်ဆိုရင် ယခုနှစ်တစ်ခုလုံးအတွက် ရည်မှန်းထားတဲ့ ခရီးသွား ဦးရေ ၆ ဒသမ ၅ သန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ယခုနှစ် ခရီးသွားလုပ်ငန်းကောင်းမွန်ရတာက တချို့ဈေးကွက်တွေရဲ့ အခြေအနေတွေ တိုးတက်လာတဲ့ အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် တောင်ကို ရီးယားနိုင်ငံကလာရောက်တဲ့ ခရီးသွားဦးရေက ယခင်နှစ်ကာလတူ ကရောက်ခဲ့ တဲ့ ဦးရေနဲ့နှိုင်းယှဉ်ရင် ၃၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ထို့ပြင် ဝင်လာတဲ့ ခရီးသည်တွေအနက် မလေးရှားမှာ ၂၃ ဒသမ ၂ ရာခိုင်နှုန်း၊ ထိုင်းမှ ၁၉ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဂျပန်မှ ၁၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက် ခဲ့ပါတယ်။ အလားတူပဲ တရုတ်(တိုင်ပေ)နဲ့ ပြင်သစ်တို့မှလည်း ခရီးသွား ဝင် ရောက်မှု မြင့်မားခဲ့ပါတယ်။ သို့သော်လည်း တချို့ဈေးကွက်တွေမှာ ကျဆင်းမှုတွေရှိခဲ့တဲ့အတွက် လုပ် ငန်းဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ကမ္ဘောဒီးယားမှ လာရောက် လည်ပတ်သူဦးရေက ၂၃ ဒသမ ၉ ရာခိုင်နှုန်းထိ အများဆုံး ကျဆင်းပြီး သြစတြေးလျ ခရီးသည်ဦးရေက ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တရုတ်ပြည်မကြီးမှ လာရောက်သူ ဦးရေက ၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အမေရိ ကန်မှ လာရောက်သူဦးရေက သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ ပါတယ်။ ဤကာလအတွင်း ပြည်တွင်းခရီးသွားဦးရေက ၂၀ ဒသမ ၅ သန်းထိရှိပြီး နှစ်အလိုက်အခြေခံဖြင့် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ ယခုကဲ့သို့ တိုးတက်လာခြင်းမှာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင် ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းထုတ်ကုန်နှင့် ဝန်ဆောင်မှုတွေရဲ့ အရည်အသွေး တိုးတက်ခြင်း၊ ခရီးသွားအခြေခံအဆောက်အအုံ တိုးတက်လာခြင်း၊ ခရီးသွား လုပ်ငန်းများကို လေ့ကျင့်မှုပေးခြင်းနဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေရေးရာမူဘောင် ချမှတ်ခြင်းတို့ကြောင့် ဖြစ်ကြောင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတို့က သုံးသပ်ပါတယ်။ အကြီးစားနဲ့ အရည်အသွေး မြင့် စီမံကိန်း များက ဒါနန်းမြို့နဲ့ ဘင်သူအန်ပြည်နယ်တို့ရှိ အဆင့်မြင့်အပန်းဖြေစခန်း ကဲ့သို့သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေခဲ့ပါ တယ်။                                                Source.VNS