Main menu

Background

ရှန်ဟဲတွင် မိုဘိုင်း အင်တာနက်လုပ်ငန်း ထွန်းကား

Wed, 09/05/2012 - 09:29 -- Anonymous (not verified)

ရှန်ဟဲ  မိုဘိုင်း  လုပ်ငန်းရဲ့ အရောင်းက ၂၀၁၅ ခုနှစ်မှာ ယွမ် ၈၀ ဘီလီယံ (ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီ ယံ)ထိရောက်ရှိလာပြီးလူပေါင်း၆၀၀၀၀ ကို အလုပ်အကိုင်  ရရှိစေမှာ ဖြစ် ကြောင်း ရှန်ဟဲမြို့ရဲ့ နောက်ဆုံး ပြုစု ထားတဲ့ စီမံကိန်းမှာဖော်ပြထားပါတယ်။ ရှန်ဟဲမြို့ကတီထွင်ဖန်တီးမှုရှိတဲ့ ကုမ္ပဏီ တွေကို ပြုစုပျိုးထောင်သွားမယ်။ ဒီ လုပ်ငန်းဘက်က ခေါင်းဆောင်တွေကို ဆွဲဆောင်မှုပေးသွားမယ်။ လာမဲ့နှစ် အနည်းငယ်အတွင်း  ရှန်ဟဲဒေသကို ထုတ်လုပ်ရေးနဲ့  အခြေစိုက်စခန်းကြီး ဖြစ်လာအောင် ထူထောင်သွားမယ်။ ဒီလိုနဲ့ ရှန်ဟဲမြို့ကို မိုဘိုင်းအင်တာနက် လုပ်ငန်းရဲ့ ဗဟို အချက်အချာ ဒေသ ကြီးတစ်ခု ဖြစ်လာစေရမယ်လို့ ရှန်ဟဲ စီးပွားရေးနဲ့ ပြန်ကြားေ ရးမြူနီစပယ် ကော်မရှင်ရဲ့ ၂၀၁၂-၁၅ ခု ရှန်ဟဲမိုဘိုင်း အင်တာကွန် လုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်း မှာ ဖော်ပြထားပါတယ်။

မိုဘိုင်း တာမင်နယ်တွေမှာ အသုံး ပြုတဲ့ တွက်ချက်ရေးချစ်ပ်တွေ ထုတ် လုပ်ရေးကို ရှန်ဟဲက အလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စီမံ ကိန်းမှာ ဖော်ပြထားပါတယ်။ တစ်ချိန် တည်းမှာရှန်ဟဲက အင်တာနက် အခြေ ခံ အဆောက်အအုံ ဝိုင်ဖိုင် ဆက်သွယ် မှုတွေအတွက် ရင်းနှီးမြှုပ်နှံမှုကို တိုး ချဲ့သွားပြီး ဒီလုပ်ငန်းအတွက် ခိုင်မာတဲ့ အုတ်မြစ်ကိုချပေးသွားမှာ ဖြစ်ပါတယ်။Source.chinadaily.com.cn