Main menu

Background

အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ ထိုင်းနိုင်ငံက အခြေခံ အဆောက်အအုံ စီမံကိန်းသစ်များချမှတ်

Wed, 09/05/2012 - 09:34 -- Anonymous (not verified)

ထိုင်းနိုင်ငံက ဘတ်ငွေ နှစ်ထရီ လီယံကုန်ကျမဲ့ အခြေခံအဆောက် အအုံ စီမံကိန်းများကို ရေးဆွဲဆောင် ရွက်နေပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြွေး မြီကို ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ)ရဲ့ ၆၀ ရာခိုင်နှုန်း မကျော်စေဖို့အတွက် စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေရဲ့ ရည် ရွယ်ချက်က ထိုင်းနိုင်ငံကိုတခြား အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီ ယံ) အဖွဲ့ဝင်နိုင်ငံတွေနဲ့ ချိတ်ဆက် ပေး ဖို့ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ကစ် တီရတ်နာရနောင်းက သြဂုတ် ၂၉ ရက် က ဘန်ကောက်မှာ ကျင်းပတဲ့ "The  Focus  2012" ဆွေးနွေးပွဲမှာ ပြော ကြားပါတယ်။

စီမံကိန်းသစ်ကြီးတွေအတွက် ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်ကြွေးမြီကို နိုင်ငံ ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းထက်ကျော် လွန်ပြီး ဆောင်ရွက်မှာမဟုတ်ကြောင်း ကစ်တီရပ်ရဲ့ပြောကြားချက်ကို ကိုး ကားပြီး ထိုင်းနယူးအေဂျင်စီ သတင်းမှာ ဖော်ပြပါတယ်။ စီမံကိန်း အကောင်အထည် ဖော် ရေးအတွက် ဖက်စပ်လုပ်ငန်း ဥပဒေကို အစိုးရက ထိုင်းလွှတ်တော်သို့ အဆိုပြု မှာဖြစ်ကြောင်းနဲ့ အခြေခံအဆောက် အအုံရန်ပုံငွေကို အသေးစိတ် တွက် ချက်ပြီးနောက် အာမခံစာချုပ် စာတမ်း များနဲ့ ငွေကြေးဖလှယ်ရေးကော်မရှင် ( SEC)   ရဲ့ ခွင့်ပြုချက်နဲ့အညီ လာမဲ့ လအနည်းငယ်အတွင်း ရှယ်ယာများကို ရောင်းချသွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။ အနိမ့်ဆုံးလစာ တိုးမြှင့်မှု၊ ပြည်တွင်း လယ်သမားများအတွက် ကြွေးမြီ ထောက်ပံ့မှုနဲ့ ပထမ အကြိမ် အိမ် ဝယ်သူနဲ့ ကားဝယ်သူတို့အတွက် ထောက်ပံ့ကြေးပေးခြင်းစတဲ့ အစီအစဉ် တွေ ဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှု ကို အားပေးခြင်းဖြင့်အစိုးရက အမျိုး သား စီးပွားရေးဖွံ့ဖြိုးမှုကို ထောက်ပံ့ သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် က ပြောပါတယ်။Source.bernama.com