Main menu

Background

စပိန်၊ အီတလီနဲ့ ဂရိတို့တွင်ပြုပြင်ပြောင်းလဲမှုများ ပိုမိုဆောင်ရွက်ဖို့လိုအပ်

Wed, 09/05/2012 - 09:36 -- Anonymous (not verified)

စပိန်၊ အီတလီနဲ့ဂရိနိုင်ငံတို့မှာ "ဘက်စုံအစီအမံများ" ဆောင်ရွက်ပြီး တစ်စစဆိုးဝါးနေတဲ့ယူရိုဇုန် အစိုးရ ကြွေးမြီ အကျပ်အတည်းကို ကာကွယ်ဖို့လိုကြောင်း တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျာမန်  ဝန်ကြီးချုပ် အိန်ဂျလာမာကယ် အား တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် က ပြောပါတယ်။

"အဓိကစိုးရိမ်စရာ အချက်နှစ်ချက်ရှိပါတယ်။ တစ်ချက် က ဂရိနိုင်ငံက ယူရိုဇုန်ကိုစွန့်ခွာသွားမလားဆိုတဲ့ အချက်ပါ။ ဒုတိယအချက်ကအီတလီနဲ့ စပိန်တို့က ဘက်စုံကယ်တင်ရေး အစီအမံတွေလုပ်ဖို့လိုလာမဲ့ အချက် ဖြစ်ပါတယ်။ ဒီပြဿနာ နှစ်ခုစလုံးကို ဖြေရှင်းဖို့က ဂရိ၊ စပိန်၊ အီတလီနဲ့ တခြား နိုင်ငံတွေက ပြုပြင်ပြောင်းလဲမှု တွေလုပ်ဖို့ ဆုံးဖြတ်မှုရှိမရှိဆိုတဲ့ အပေါ်မှာမူတည်နေပါတယ်"လို့ ဝမ်က ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သြဂုတ် ၃၀ ရက်က မာကယ်နဲ့တွေ့ဆုံပြီးနောက် ယူရိုနဲ့ ပတ်သက်ပြီး ယုံကြည်မှုပိုလာကြောင်း ဝမ်က ပြောပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံမှုက SAS  A320  လေယာဉ် ၅၀ ဝယ်ယူဖို့အတွက် ပေကျင်းအခြေစိုက် Industrial &  Commercial  Bank  of  China ကုမ္ပဏီအတွက် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံချေးဖို့ သဘောတူ စာချုပ်လက်မှတ် ထိုးချိန်နဲ့ တိုက်ဆိုင်နေကြောင်းနဲ့ သြဂုတ် ၃၀ ရက်မှာ သဘောတူစာချုပ် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရှင်ဝါ နယူးအေဂျင်စီရဲ့ သတင်းမှာဖော်ပြထားပါတယ်။Source.bloomberg.com