Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 09/05/2012 - 09:46 -- Anonymous (not verified)

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင် ဘာနန်ကီက သြဂုတ် ၃၁ ရက်နေ့မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ သူမိန့်ခွန်းပြော တဲ့အခါ စီးပွားရေးတွန်းအားပေးအစီအ စဉ်သစ်တွေအကြောင်း ပြောလိမ့်မယ် လို့ခန့်မှန်းကြတဲ့အတွက် သြဂုတ် ၃၁ ရက်က အာရှဒေသမှာ ဒေါ်လာငွေကြေး တန်ဖိုးအားနည်းခဲ့ပါတယ်။

အားလုံးကအာရုံစူးစိုက်နေကြ တာက ဝိုင်ယိုမင်းဒေသ၊ ဂျက်ကဆန် ဟိုးမှာ ပြုလုပ်တဲ့ဗဟိုဘဏ်စီးပွားရေး မူဝါဒ နှစ်ပတ်လည် အစည်းအဝေး သြဂုတ် ၃၁ ရက်မှာ ပြောမဲ့ ဘာနန်ကီ ရဲ့မိန့်ခွန်းကို ဖြစ်ပါတယ်။ ကျဆင်းနေ တဲ့အမေရိကန်စီးပွားရေးအတွက် တွန်း အားပေးအစီအစဉ်ကို ဆောင်ရွက်မယ် တစ်နည်းအားဖြင့် တတိယအကြိမ်ဘွန်း စာချုပ်ဝယ်ယူမည့်အစီအစဉ် သို့မဟုတ် လှည့်လည်ငွေကြေးတိုးမြှင့်မှုများ ပြုလုပ် မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအစီ အမံတွေကို ဆောင်ရွက်လာမယ်ဆိုရင် တော့ ဒေါ်လာငွေကြေးတန်ဖိုးကျဆင်း မဲ့အလားအလာတွေရှိနေပါတယ်။တရုတ်ယွမ် တရုတ်ယွမ်တန်ဖိုးက သြဂုတ် ၃၁ ရက်မနက်ပိုင်းမှာ အပြောင်းအလဲအနည်း ငယ်သာရှိခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုဗဟိုဘဏ်ဥက္ကဌ ဘာနန်ကီက လှည့်ပတ်ငွေကြေးတိုးမြှင့်ပေးမဲ့အစီအ စဉ်ကို ထပ်မံဆောင်ရွက်မဲ့ လက္ခဏာရှိ မရှိ ဈေးကွက်တွေကစောင့်ကြည့်နေတဲ့ အတွက် ယွမ်ငွေကြေးတန်ဖိုးက ရက် သတ္တပတ်ရှစ်ပတ်အတွင်း အမြင့်ဆုံးဖြစ် ခဲ့တဲ့နှုန်းလောက်မှာ တဝဲလည်လည် ဖြစ်နေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့လည်မှာ ယွမ်ငွေကြေးရဲ့တန်ဖိုးက တစ်ဒေါ်လာ ကို ၆ ဒသမ ၃၄၈၈ ယွမ်နှုန်းရှိခဲ့ပါ တယ်။ သြဂုတ် ၃၀ ရက်ဈေးပိတ်ချိန်က ရှိခဲ့တဲ့ဈေးနဲ့ နှိုင်းယှဉ်ရင် သုည ဒသမ ၀၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ယွမ် တန်ဖိုးအခြေအနေကို အထောက်အပံ့ ဖြစ်စေတဲ့ အကြောင်းတရားတစ်ခုက တရုတ်နိုင်ငံအတွင်းရှိ ဘဏ်များအချင်း ချင်းဖလှယ်တဲ့ဈေးကွက်မှာ ယခုလအ တွင်းယွမ်ရဲ့ ငွေဖြစ်လွယ်မှုနည်းပါးနေ တာဖြစ်ပါတယ်။ ယူရိုငွေကြေးအကျပ် အတည်းဖြစ်နေတာနဲ့ တရုတ်ပြည်တွင်း စီးပွားရေးတိုးနှုန်းနှေးကွေးနေတာတွေ ကြောင့် ယွမ်ငွေတန်ဖိုးက ယခုနှစ်ထဲမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ ဒါပေမဲ့ ကုန်သည်တွေကတော့ ယခုနှစ်အတွင်း ကျန်တဲ့ရက်တွေမှာ ဖြစ် လာမဲ့ အခြေအနေကို ခန့်မှန်းဖို့ ခက်ခဲ နေ ပါတယ်။
အိန္ဒိယရူပီး ရေနံတင်သွင်းသူတွေက အမေရိ ကန်ဝယ်လိုအားမြင့်လာတဲ့အတွက် ဘဏ်အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရေး ဌာနမှာ သြဂုတ် ၃၁ ရက်နေ့က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက သုည ဒသမ ၀၉ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၇၂ ရူပီးနှုန်း ရှိခဲ့ပါတယ်။ဒေါ်လာငွေကို ဝယ်လိုအား မြင့်မားလာမှု အပြင် ပြည်တွင်းရှယ်ယာ များ၏တန်ဖိုးအားနည်းနေခြင်းကလည်း ရူပီးတန်ဖိုးအပေါ် အကျိုးသက်ရောက် မှုရှိနေကြောင်း၊ နိုင်ငံခြားငွေဝယ်ရောင်း သမားတို့က ပြောပါတယ်။ ဒါပေမဲ့ ဒေါ်လာနဲ့ ဖလှယ်ရာတွင် ယူရိုတန်ဖိုး မြင့်တက်လာတဲ့အတွက် ရူပီးတန်ဖိုးအ ကျသက်သာခဲ့တယ်လို့ ဝယ်ရောင်းသ မားတို့ကပြောပါတယ်။
ထိုင်းဘတ် ဥရောပကြွေးမြီအကျပ်အတည်း ကပိုမိုဆိုးဝါးပြီး ကမ္ဘာ့စီးပွားရေးကို ထိ ခိုက်စေလိမ့်မယ်။ အာရှပို့ကုန်တွေရဲ့ ဝယ်လိုအားကိုကျဆင်းစေလိမ့်မယ်ဆို တဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ ထိုင်းဘတ် ငွေတန်ဖိုးက ပထမအကြိမ်အဖြစ် ရက် သတ္တပတ်အလိုက်တန်ဖိုး ကျဆင်းပါ တယ်။ ဘွန်းစာချုပ်တွေရဲ့တန်ဖိုးတက်ခဲ့ ပါတယ်။ ယခုရက်သတ္တပတ်အတွင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး သြဂုတ် ၃၁ ရက်မနက် ၈ နာရီခွဲက ဘန်ကောက်မှာ တစ်ဒေါ်လာကို ၃၁ ဒသမ ၃၈ ဘတ် နှုန်းရှိခဲ့ပါတယ်။
ဂျပန်ယန်း သြဂုတ် ၃၁ ရက်တိုကျိုဈေးကွက် မှာ ဒေါ်လာငွေကြေးတန်ဖိုးက ၇၈ ဒသမ ၅ ယန်းနှုန်းဝန်းကျင်မှာရှိနေပါ တယ်။ ဒေါ်လာ/ယန်းဖလှယ်နှုန်းမှာ သြဂုတ် ၃၀ ရက် ညနေ ၅ နာရီက နယူးယောက်မှာ တစ်ဒေါ်လာကို ၇၈ ဒသမ ၅၈ ယန်းနဲ့ တိုကျိုမှာတစ်ဒေါ် လာကို ၇၈ ဒသမ ၆၄ ယန်းနှုန်းရှိနေ ရာမှ သြဂုတ် ၃၁ ရက်မနက် ၉ နာရီ မှာတစ်ဒေါ်လာကို ၇၈ ဒသမ ၅၄ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုးက သြဂုတ်ည နေဘက်မှာ တစ်ယူရိုကို နယူးယောက် မှာ ၁ ဒသမ ၂၅၀၁ ဒေါ်လာ သို့မ ဟုတ် ၉၈ ဒသမ ၂၇ ယန်းနဲ့ တိုကျိုမှာ ၁ ဒသမ ၂၅၅၀ ဒေါ်လာ သို့မဟုတ် ၉၈ ဒသမ ၆၉ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် မလေးရှားရင်းဂစ်ရဲ့တန်ဖိုးက ဒေါ် လာနဲ့ဖလှယ်ရာမှာ သြဂုတ် ၃၀ ရက် နေ့က အနည်းငယ် ကျဆင်းခဲ့ပါတယ်။ သြဂုတ် ၃၁ ရက်တွင်ကျင်းပမည့် အမျိုး သားနေ့မတိုင်မီ ရင်းနှီးမြှုပ်နှံသူတို့က ရင်းဂစ်များကို ပြန်ထုတ်ကြတဲ့အတွက် ယခုလိုကျဆင်းရကြောင်း ဝယ်ရောင်း သမားတို့ကပြောပါတယ်။ သြဂုတ် ၃၀ ရက်ညနေ ၅ နာရီမှာရင်းဂစ်တန်ဖိုးက တစ်ဒေါ်လာကို ၃ ဒသမ ၁၂၄၅ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။ သြဂုတ် ၂၉ ရက် နေ့က ၃ ဒသမ ၁၂၁၅ ရင်းဂစ်နှုန်းရှိခဲ့ ပါတယ်။ သြဂုတ် ၃၁ ရက်နေ့က မလေးရှား နိုင်ငံရဲ့ အမျိုးသားနေ့ဖြစ်ပါတယ်။
တောင်ကိုရီးယားဝမ် ယခုနှစ် ဒုတိယသုံးလပတ်မှာ အမေရိကန်ပြည်ထောင်စုစီးပွားရေးက ခန့်မှန်းထားတာထက် ပိုမိုတိုးတက်လာ တာကို ကိန်းဂဏန်းများအရ သိရပြီး နောက်ပိုင်း အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒဖြေလျှော့မှုတွေနောက် ထပ်ပြုလုပ်မှာမဟုတ်တော့ဘူးလို့ ယုံ ကြည်တဲ့အတွက် သြဂုတ် ၃၀ ရက်နေ့ ကတောင်ကိုရီးယားဝမ်တန်ဖိုးက တစ် လအတွင်းအနိမ့်ဆုံးကို ကျဆင်းခဲ့ပါ တယ်။ ဆိုးလ်မြို့မှာ သြဂုတ် ၂၉ ရက်က တစ်ဒေါ်လာကို ၁၁၃၃ ဒသမ ၄၇ ဝမ် နှုန်းရှိခဲ့ရာမှ သြဂုတ် ၃၀ ရက်မှာတစ် ဒေါ်လာကို ၁၁၃၄ ဒသမ ၀၅ ဝမ်နှုန်း ကိုရောက်ရှိခဲ့ပါတယ်။ သြဂုတ် ၃၁ ရက် မှာ တစ်ဒေါ်လာကို ၁၁၃၃ ဒသမ ၉၅  ဝမ်နှုန်းရှိခဲ့ပါတယ်။Source:AFP,reuters,pti,xinhua,bernama,bloomberg.