Main menu

Background

ဥရောပဗဟိုဘဏ်က ထူးခြားတဲ့ အစီအမံတွေဆောင်ရွက်ဖို့လို

Wed, 09/05/2012 - 09:47 -- Anonymous (not verified)

ချမှတ်ထားပြီးဖြစ်တဲ့ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က တစ်ခါ တစ်ရံမှာ ထူးခြားတဲ့ အစီအမံတွေ ချမှတ်ဖို့ လိုကြောင်းဘဏ်ရဲ့ အကြီးအကဲမာရီယိုဒရပ်ဂီက သြဂုတ် ၂၉ ရက်က ပြော ပါတယ်။ သူရဲ့ပြောကြားချက်က ဗဟိုဘဏ်ကချမှတ်ထားတဲ့ ဘွန်းစာချုပ်တွေ ဝယ်ယူရေး အစီအစဉ်ကို ဂျာမန်နိုင်ငံက ဝေဖန်ပြောကြားတာကို တုံ့ပြန်တဲ့ သဘော ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

" ဈေးနှုန်းတည်ငြိမ်ဖို့အတွက် လိုအပ်တာကို အီးစီဘီကလုပ်ရမှာပဲ။ ဒီလို ဆောင်ရွက်ရာမှာ ခွင့်ပြုချက် ဘောင် အတွင်းက လွတ်လွတ်လပ်လပ်ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာတော့ ငွေကြေး မူဝါဒစံနှုန်းတွေ ရဲ့ ဘောင်က ကျော်သွားတတ်တယ်ဆိုတာကို နားလည်ထားသင့်ပါတယ်" ဟု ဂျာမန်အပတ်စဉ် ဂျာနယ် Die Zeit  မှာရေးသားဖော်ပြခဲ့ပါတယ်။ ဘွန်းစာချုပ်တွေပြန်လည်ဝယ်ယူရေး အစီအစဉ်ကို ဂျာမနီနိုင်ငံက ဆန့် ကျင်ပါတယ်။ ဒီဘွန်းစာချုပ်တွေ ဝယ်ယူရေးအစီအစဉ်က အီတလီနဲ့ စပိန်တို့လို ဒုက္ခပင်လယ်ဝေနေတဲ့ ယူရိုနယ်မြေ အဖွဲ့ဝင်တွေအတွက် ချေးငွေ ကုန်ကျ စရိတ်လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ခန့်မှန်းကြပါ တယ်။ အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်မှုကောင်စီ (Governing  Council)   ကအဆုံးအဖြတ်ပေးမဲ့ စက်တင်ဘာ ၆ ရက်ကို ဈေးကွက်တွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ ဒီလိုဆုံးဖြတ်ပြီးတဲ့နောက် အီးစီဘီ ဥက္ကဌ မာရီယိုဒရက်ဂီက ဘွန်းစာချုပ်ဝယ်ယူရေး အစီအစဉ်အသေးစိတ်ကို ဖော်ပြ ရှင်းလင်းမှာ ဖြစ်ပါတယ်။ အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်နဲ့ ဂျာမန်ဗဟိုဘဏ်ဥက္ကဌ ဂျင်းဝိဒ်ဒမန်းက အီးစီဘီရဲ့ ဘွန်းစာချုပ်ဝယ်ယူရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ ပါတယ်။ ဗဟိုဘဏ်က ဘဏ္ဍာရေးထောက်ပံ့မှုကြောင့် ဘိန်းစွဲသလို စွဲသွားနိုင် ကြောင်း ဂျာမန်မဂ္ဂဇင်း  Der  Spiegel  နဲ့တွေ့ဆုံရာမှာ သူကပြောပါတယ်။Source.rttnews.com