Main menu

Background

အရှေ့တောင်အာရှတွင် ယွမ်ငွေကြေးကို ဒေါ်လာနဲ့ ယူရိုနေရာတွင် အစားထိုးနိုင်မည့် အလားအလာရှိ

Wed, 09/05/2012 - 09:54 -- Anonymous (not verified)

အရှေ့တောင်အာရှနိုင်ငံများက တရုတ်ငွေကြေးကို အမေရိကန်ဒေါ်လာနဲ့ယူရိုငွေကြေးနေရာ မှာ နောက်ဆုံးတွင် အစားထိုးလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေကပြောပါ တယ်။ ရေရှည်မှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကုန်သွယ်ရာ မှာ ယွမ်ငွေကြေးကို ပိုမိုအသုံးချလာဖွယ်ရှိကြောင်း သြဂုတ် ၁၅ ရက်ကပြုလုပ်တဲ့ ထိုင်း- တရုတ် ကုန်သွယ်ရေးရင်းနှီးမြှုပ် နှံမှုနဲ့ ဘဏ္ဍာရေးဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ထိုင်း ဗဟို ဘဏ် ( Bank of Thailand)မှ အဆင်မြင့်အရာရှိ ပထနာဖွန် ဖူစူဝန်က ပြောပါတယ်။

အာဆီယံအသိုက်အဝန်းတစ်ခုလုံးရှိ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဖလှယ်မှုစတဲ့ကိစ္စတွေမှာ အမေရိကန် ဒေါ်လာနဲ့ ယူရိုငွေကြေးနေရာက တရုတ်ယွမ်နဲ့ အစားထိုး လာနိုင်စရာရှိကြောင်း ထိုင်းအမျိုးသား သုတေသနကောင်စီ၊ ဟွာကြုံးတက္ကသိုလ်နဲ့ ထိုင်း-တရုတ်ယဉ်ကျေးမှုနဲ့ စီးပွားရေး အသင်းတို့ ပူးပေါင်းပြီးကျင်း ပတဲ့ဆွေးနွေးပွဲမှာ ထိုင်းဗဟို ဘဏ် အရာရှိတစ်ဦးက သုံးသပ်ပြောကြားပါတယ်။ ဒီလိုဖြစ် ရတာက တစ်စိတ်တစ်ပိုင်းအားဖြင့် အမေရိကန်နဲ့ ဥရောပ တို့မှာ မပြီးပြတ်နိုင်သေးတဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေး ကိစ္စ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ "၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး ရေရှည်မှာ အာဆီယံ-တရုတ်လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ အာရှနဲ့ ကုန်သွယ်မှု တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုက ယွမ်နဲ့ဒေသအတွင်းငွေကြေးတွေ အသုံးပြုမှု အပေါ် သြဇာသက်ရောက်မှုရှိနိုင်ပါတယ်။ ယွမ်ငွေကြေးက အဲဒီအချိန်ကစပြီး အနာဂတ်အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု အတွက် အကောင်းဆုံးအစားထိုးစရာ ဖြစ်လာနိုင်ပါတယ်'' ဟု အာဆီယံစီးပွားရေးအသိုက် အဝန်းဖွဲ့စည်းမှုကို ရည်ညွှန်း ပြီး သူက ပြောပါတယ်။ ဒါပေမဲ့ ကာလတိုနဲ့ ကာလလတ်မှာတော့ ထိုင်းနဲ့ အာဆီယံ နိုင်ငံတွေမှာ ယွမ်ငွေကြေးရဲ့အခန်းကဏ္ဍက အကန့် အသတ်ရှိနေဦးမှာဖြစ်ကြောင်း သူကပြောပါတယ်။ တရုတ်အစိုးရက မူဝါဒလျှော့ချမှုတွေ ဆောင်ရွက်ပေးပြီး တဲ့နောက်ပိုင်း ထိုင်းကုန်သည်တွေက ကုန်သွယ်မှု ယွမ်ငွေ ကြေးကို ပိုမိုအသုံးပြုလာကြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေနဲ့ နိုင်ငံခြား ဘဏ်ခွဲတွေက လောလောဆယ်မှာ ယွမ်အခြေပြုဝန်ဆောင်မှုတွေကို ပေး လာပါတယ်။ ဒီထဲမှာ နိုင်ငံခြားအပ်နှံမှု၊ ငွေလဲလှယ်မှု၊ ငွေလွှဲလုပ်ငန်းနဲ့ တရုတ်ငွေကိုဝယ်ယူမှုစတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်မှာ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ ကုန်သွယ်မှုရဲ့ ၁၀ ဒသမ ၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ယွမ်ငွေနဲ့ဆောင်ရွက်ခဲ့ပါတယ်။Source.hispanicbusiness.com