အာဆီယံသည် ကမ္ဘာ့ဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် တိုးတက်လာသော ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အဓိကအရေးပါဟု ADB ပြော

အာဆီယံဒေသတွင်း ဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေက ကမ္ဘာ့ဆန်ဈေးကွက်တည်ငြိမ်စေရေးနဲ့ တိုးတက်လာတဲ့ ဝယ်လိုအား ကိုပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အဓိကအရေးပါတဲ့ နိုင်ငံတွေဖြစ်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က သြဂုတ်လ ၃၀ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

အာဆီယံဒေသတွင်းဆန်ထုတ်လုပ်မှုက ၂၀၁၀-၂၀၁၁ အတွင်း တန်ချိန် ၁၁၀ ဒသမ ၅ သန်း ထုတ်လုပ် နိုင် ခဲ့ပြီး ဒေသတွင်းစီးပွားရေးနဲ့ ရာသီဥတုအခြေအနေ ပုံမှန်အတိုင်းရှိနေမယ်ဆိုပါက နှစ်စဉ်ဆန်ထုတ်လုပ်မှု ၁ ဒသမ ၃၇ ရာခိုင်နှုန်းတိုးတက်ကာ ၂၀၂၁-၂၀၂၂ မှာ တန်ချိန် ၁၂၈ ဒသမ ၃ သန်းအထိ ထုတ်လုပ်နိုင်မယ်လို့ ADB က ခန့်မှန်း ထားတယ်။ အာဆီယံဒေသတွင်းစပါးစိုက်ဟက်တာပေါင်း ၄၇ သန်းရှိရာကမ္ဘာ့စပါးစိုက်ဧရိယာ စုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအတွင်း ကမ္ဘောဒီးယား ၊ လာအိုနဲ့ မြန်မာနိုင်ငံတို့က ရေမြေ သဘာဝအရင်းအမြစ်များအရ စပါးစိုက်ပျိုးထုတ်လုပ်ဖို့ အလားအလာကောင်းများစွာရှိသော်လည်း သယ်ယူပို့ဆောင်ေ ရး ကဏ္ဍ၊ ဈေးကွက်အခြေခံ အဆောက်အဦ၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေ လျက်ရှိကြောင်း  ADB ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ မကြာမီကာလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံစိတ်ချရရေးအတွက် သုံးသပ်ရမယ်ဆိုရင် အာဆီယံဒေသ တွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လျက်ရှိတဲ့အပြင် လက်ကျန်သိုလှောင်ထားတဲ့ ဆန်လည်းများစွာရှိနေရာ ဆန်ရောင်း လို အားအတွက် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းတွေ တည်ငြိမ်နေမယ် လိ့ု မျှော်လင့်ကြောင်း  ADB ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။              Source:Reuters,ပပ