Main menu

Background

လှောင်လက်များထုတ်ရောင်းလို့ အိန္ဒိယပဲဈေးလျော့ကျ မိုးမတ်ပဲစိုက်ပျိုးမှု ယခင်နှစ်ထက်ပိုပေမဲ့ ပဲစင်းငုံနဲ့ ပဲတီစိမ်း စိုက်ဧရိယာလျော့ကျ

Sun, 09/09/2012 - 05:50 -- Anonymous (not verified)

အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲဝယ်လိုအား နည်းနေပြီး ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်များမှာလည်း သို လှောင်ထားတဲ့ ပဲမျိုးစုံနဲ့မျိုးစေ့များရောင်းချမှုတွေကြောင့် ယခု ရက်ပိုင်းတွေမှာ ပဲဈေးတွေအကျဘက်ဆက် ဆင်းနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှုမှာ စုစုပေါင်း တန်ချိန် ၉၇ ဒသမ ၇ သိန်းရှိလို့ ယခင်နှစ်စိုက်ပျိုးမှုဟက်တာ ၁၀၄ ဒသမ ၁၈ သိန်းနဲ့ ယှဉ်ရင် စိုက်ဧရိယာလျော့ကျသလို ပုံမှန်စိုက်ဧရိယာ ဟက်တာ ၁၀၁ ဒသမ ၃၁ သိန်းထက်လည်း လျော့ကျပါတယ်။ လက်ရှိပဲစိုက်တဲ့ ဒေသတွေမှာ မိုးရွာသွန်း နေလို့ စိုက်ပျိုးထားတဲ့ ပဲပင်တွေအတွက် အကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

ပဲတစ်မျိုးချင်း စိုက်ပျိုးမှုမှာ မတ်ပဲဟက်တာ ၂၂ ဒသမ ၃ သိန်းစိုက်ပျိုးထားလို့ ပြီးခဲ့တဲ့ ၂၀၁၁ စိုက်ပျိုးထားတဲ့ ဟက်တာ ၂၀ ဒသမ ၃၈ သိန်းထက် ၉ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံကတော့ ၂၀၁၂ ခုနှစ် လက်ရှိအချိန်ထိ ဟက်တာ ၃၄ ဒသမ ၇၈ သိန်းသာ စိုက်ပျိုးထားပြီး ယခင်နှစ်ကာလတူက ဟက်တာ ၃၅ ဒသမ ၉၈ သိန်းထက် ၃ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျ သလို ပဲတီစိမ်းစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၂၁ ဒသမ ၅၅ သိန်းစိုက်ပျိုးနိုင်ပေမဲ့ ယခုနှစ် ဒီအချိန်ထိတော့ ဟက်တာ ၁၇ ဒသမ ၃၄ သိန်းသာရှိလို့ ၁၉ ဒသမ ၅ ရာခိုင် နှုန်းကျဆင်းတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မတ်ပဲဈေးက ဆက်တိုက်လျော့ကျ နေပြီး ယခုတစ်ပတ်မှာတော့ ဈေးတန့်နေတာ တွေ့ရပါတယ်။ ဈေးကွက်အချို့မှာ ဝယ်လက်များဟာ ဝယ်ယူမှုသွက်သွက် လက်လက် မရှိသေးတဲ့အတွက် မတ်ပဲဈေးငြိမ်နေပေမဲ့ ချန် နိုင်းနဲ့ မွန်ဘိုင်းဈေးကွက်တွေမှာတော့ သီတင်းပတ်နှောင်းပိုင်း မှာတော့ အဝယ်ပြန်လိုက်လာလို့ ဈေးပြန်မတ်လာတာတွေ့ ရပါ တယ်။ စက်တင်ဘာလ ၄ ရက်မှာ ချန်နိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲ ကွန်တိန်နာ ၁၀ လုံးဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံဈေးမှာလည်း ယခုတစ်ပတ်ပြန်ငြိမ်လာတာ တွေ့ ရပါတယ်။ ယခင်ရက်ပိုင်းက မိုးရွာသွန်းမှုများပြီး အရောင်း အဝယ်ထိုင်းသလို ပဲလှောင်လက်သမားတွေ ထုတ်ရောင်းမှု တွေရှိ လို့ ဈေးလျော့ကျခဲ့ တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြည် တွင်း လက်ကျန်နည်းတဲ့အတွက် ပြည်ပပဲစင်းငုံများ ဆက် တိုက်တင်သွင်းလျက်ရှိနေတာ တွေ့ရပါတယ်။ စက်တင် ဘာလ ၄ ရက်မှာ ချန်နိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန် တိန်နာ ၁၅ လုံး၊ မိုဇမ်ဘစ်မှ ၉၅ လုံး၊ မာလာဝီမှ ၁၉ လုံး အသီးသီးဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ပဲတီစိမ်း အရောင်းအဝယ်ပါးပေမဲ့ ဈေးနှုန်းကတော့ တည်ငြိမ်နေပါတယ်။ မိုးရွာပြီး ပဲဝင်ရောက်မှု တိုးတက်လာတော့မှာဖြစ်လို့ လာမယ့်ရက်တွေမှာ ပဲတီစိမ်း ဈေး ကျဆင်းနိုင်တယ်လို့ ပြည်တွင်း ကုန်သည်များက ဆိုပါ တယ်။ လက်ရှိမှာတော့ အစိုဓာတ်များတဲ့ အရည်အသွေးနိမ့်ပဲ များ ဝင်ရောက်နေပြီး လာမယ့်ရက်တွေမှာ ရာသီဥတုခြောက် သွေ့နိုင်လို့ အရည်အသွေးကောင်း ပဲတီစိမ်းများ ဝင်ရောက် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ စက်တင်ဘာလ ၄ ရက် ချန်နိုင်းဈေးကွက်ကို မြန်မာပဲတီစိမ်းကွန်တိန်နာ ၁၇ လုံး ဝင်ရောက် ကြောင်းသိရပါတယ်။ ကုလားပဲဈေးအနေနဲ့ ယခုတစ်ပတ်အစပိုင်းရက်တွေမှာ ဈေးလျော့ကျပေမဲ့ ယခုသီတင်းပတ် နှောင်းပိုင်း မှာတော့ ဈေးပြန်တိုးလာပါတယ်။ ပဲအထွက်လျော့ကျဖွယ်ရှိပြီး ဈေး ကွက်ကို ပဲဝင်ရောက်မှု အကန့်အသတ်သာ ဝင်ရောက် လာ တယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာ ပွဲတော်အတွက် ဝယ်လိုအားတက်လာနိုင်တာကြောင့် ကုလားပဲဈေး ပြန် ကောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်