Main menu

Background

အိန္ဒိယပဲမျိုးစုံ အထွက်မြှင့်တင်ရေး အထူးအစီအစဉ်များဆောင်ရွက်

Sun, 09/09/2012 - 05:52 -- Anonymous (not verified)

အိန္ဒိယအစိုးရဟာ ၂၀၁၂-၁၃ မိုးရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၁၉ သန်းရရှိရေး အစီအစဉ်သစ်တစ်ခုကို စတင် ထားကြောင်း စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာပြုပြင်ထုတ်လုပ်မှု ဝန်ကြီး Harish  Rawat မှ သြဂုတ်လ ၃၁ ရက်မှာ အထက် လွှတ်တော်ကို တင်ပြခဲ့ကြောင်း သိရပါတယ်။ အဲဒီအထူးအစီ အစဉ်မှာ ကြားညှပ်စိုက် ပျိုးခြင်းဖြင့် မြေဧရိယာ အသစ်များ အသုံးချခြင်းအပါအဝင် အပင်နည်းပညာတိုးတက်ခြင်းနဲ့ ရေ စီမံခန့်ခွဲမှုမျိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပဲထုတ်လုပ်မှုမြှင့်တင်ဖို့ အဲဒီအစီအစဉ်မှာ ကျယ်ပြန့်တဲ့ ဆည်မြောင်းစနစ်အတွက် ရေဖြန်းစက်များ၊ ရေသွယ် ပိုက်များ နောက်ထပ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရ ဟာ ယခင်အစောပိုင်းနှစ်များကတည်းက ပဲမျိုးစုံထုတ်လုပ်မှု မြှင့်တင်ရေး အခြားအဓိက အစီအစဉ်တစ်ချို့ဖြစ်တဲ့ A3p လို့ခေါ်တဲ့ ပဲမျိုးစုံထုတ်လုပ်မှု အရှိန်မြှင့် တင်ရေးအစီအစဉ်၊ မိုးရေခံဒေသများက ရွာပေါင်း ၆ သောင်းရဲ့ ဆည်ရေသောက် တိုးတက်ရေး စတာတွေကို အကောင်အထည်ဖော်နေပါ တယ်။ တောင်သူများအတွက် မက်လုံးများအနေနဲ့ ပဲစိုက်ပျိုးသူ များအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းနဲ့လည်း အကောင် အထည်ဖော်လျက်ရှိတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ယမင်းခင်Source: commodilyonline