Main menu

Background

အိန္ဒိယပဲမျိုးစုံ သုတေသနသိပ္ပံပညာရှင်များမှ ပဲမျိုးစေ့သစ်များ ထုတ်လုပ်

Sun, 09/09/2012 - 05:53 -- Anonymous (not verified)

အိန္ဒိယ ပဲမျိုးစုံသုတေသနသိပ္ပံ (IIPR)မှ သိပ္ပံပညာရှင်များအား အထွက်နှုန်းမြင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းများအလားတူ ယင်းသိပ္ပံကျောင်းအတွက် အောင်မြင်မှုအဖြစ် အသိအမှတ် အများဆုံးရရှိတဲ့ ပဲစင်းငုံစပ်မျိုးတစ်မျိုးကိုလည်း အောင်မြင်စွာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာ၊ ဂျတ်ခဟန်း၊ သြရိသ၊ အနောက်ဘင်ဂေါနဲ့ အာသံ စတဲ့ ဒေသရေမြေနဲ့ သင့်တော်တဲ့ အစောပိုင်းကာလ ပဲစင်းငုံစပ်မျိုးကို အခြေခံထားတဲ့ IPH 09-5  အမည်ရတဲ့ စပ်မျိုးတစ်ခု ထုတ်လုပ်ခဲ့ပါတယ်။

ယင်းစပ်မျိုး ပဲစင်းငုံရဲ့ အရေးပါဆုံးလက္ခဏာကတော့ လက်ရှိအရည်အသွေးအကောင်းဆုံးပဲထက် အထွက်နှုန်း ၃၃ ရာခိုင်နှုန်း ပိုထွက်တယ်လို့သိရပါတယ်။ ဒါ့အပြင်အပင်ညှိုးနွမ်းပြီး၊ပိုးမွှားကျရောက်ခြင်းကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ပဲစေ့ အရောင်၊ ပုံသဏ္ဍာန်နဲ့ အရွယ်တို့ကလည်း ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ IPA 203 လု့ိခေါ်တဲ့ ကာလရှည် ပဲစင်းငုံမျိုးက MA 6   လို ပဲစင်းငုံမျိုးတွေထက် အထွက်နှုန်း ၁၁ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတယ်လို့ ဆိုပါတယ်။ အဲဒီ ပဲစင်းငုံမျိုးဟာ ရက် ၂၄၆ ရက်မှာ ရင့်မှည့်ပြီး၊ အစေ့ကကြီးပြီး အရောင်က နက်မှောင်ကာ ပရိုတိန်းပါဝင်မှု ၂၃ ဒသမ ၀၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ယင်းအမျိုးအစားက လည်း ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး၊ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာ၊ ဂျတ်ခဟန်း၊ သြရိသ၊ အနောက်ဘင်ဂေါနဲ့ အက်စမ် တို့အတွက် သင့်တော်တယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် ရင့်မှည့်ကာလ ၄၅-၄၆ ရက်သာရှိတဲ့ ပဲတီစိမ်းအမျိုးအစား ၂ မျိုးကိုလည်း ထုတ်လုပ်ခဲ့ကြောင်း ယင်းပဲတီစိမ်း ၂ မျိုးလုံးဟာ ဘယ်လိုသီးနှံစနစ်အတွက်မဆို သင့်တော်တယ်လို့ IIPR ဒါရိုက်တာ ဒေါက်တာ အင် နာဒါရာဂျန်မှ ပြော ကြားပါတယ်။ ဒါ့အပြင် အပူဒဏ်ခံနိုင်တဲ့ကုလားပဲဖြူလုံးကြီးနဲ့ ပဲနီလေး ၂ မျိုးကိုလည်း ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ယမင်းခင်၊Source: commodilyonline