ယနေ့အရောင်းအဝယ်လောကရဲ့ အများဆုံးဖြစ်ပေါ်နေတဲ့ မသမာမှုများ ဟာ ယုံကြည်မှုကို အလွဲသုံးစား ပြုခြင်းဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် အရောင်းအဝယ် ပြုလုပ်နေရာမှ မိမိရဲ့အမြတ်အစွန်း တစ်ခုတည်း ကိုကြည့်ပြီး ဈေးကစားခြင်း ပြုလုပ်ရင်း ပြုလုပ်ရင်းမှ ဈေးအမြင့်နဲ့ ဝယ်မိပြီး၊ ဈေးကျသွားလို့ ဆုံးရှုံးမှု များဖြစ် ပေါ်ပြီး၊ မသမာမှုများ တိမ်းရှောင်မှုများ၊ လိမ်လည်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် တယ်လို့ သုံးသပ်မိပါတယ်။
ကျွန်တော်တို့ လူမျိုးများဆိုရိုးစကားရှိပါတယ်။ လူတစ်ဦးကို ချစ်ခင်အောင် ပြောရတာ တစ်သက်လုံး လည်းကြာနိုင်တယ်။ မုန်းအောင်ပြောရတာ တစ်မနက် တည်း တစ်ခွန်းတည်းနဲ့လည်း မုန်းနိုင်လို့ ချစ်အောင်ပြောတော့ တစ်သက် မုန်း အောင်ပြောတော့ တစ်မနက်ဆိုတဲ့ စကားရှိပါတယ်။ ဆိုလိုတာက လူရဲ့စိတ်မှာ သဘောထားခြင်း တူညီအောင် ယုံကြည်ချက် ထပ်တူကျအောင် ပြောဆိုတည် ဆောက်ရတာက လွယ်လွယ်မရနိုင်ကြောင်း ပြောကြားခြင်းဖြစ်ပါတယ်။ အရောင်း အဝယ်လောကမှာ လည်း ငွေရေးကြေးရေးစိတ်ချရတဲ့ အချိန်အတွယ် မှန်ကန်တဲ့ ဈေးနှုန်းမျှတတယ်ဆိုတဲ့ နာမည်ကောင်းတစ်ခုရဖို့မလွယ်ကူပါ။ ယခုခေတ်အရောင်း အဝယ်လောကမှာ ပစ္စည်းပေါ်ချိန် ဈေးကျပြီး၊ ပစ္စည်းရှားချိန် ဈေးတက်တာကို မျှော်ကိုးပြီး၊ ပစ္စည်းများကို အပ်ကုန်စနစ်နဲ့အပ်ကြပါတယ်။ အထူးသဖြင့် ကျေး လက်တောရွာမှ တောင်သူများမှာ မြို့ပေါ်ရှိ ပွဲရုံ၊ ပွဲစားများထံ ပစ္စည်းအပ်ထားပြီး၊ မိမိလိုတဲ့အချိန်မှ ပေါက်ဈေးနဲ့ ဈေးဖြတ်ပြီး၊ သိုလှောင်ရုံစရိတ် ပိုးသတ်ခနဲ့ ဝန်ဆောင်စရိတ်များ ခုနှိမ်ပြီး၊ ရောင်းလေ့ရှိပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းမှာ ပစ္စည်းအပ်သူရဲ့ များစွာစွန့်စားရတဲ့ကိစ္စဖြစ်ပါတယ်။ ဆိုရိုးစကားတစ်ခုအရ လက် ငင်း တစ်ကျပ်သည် အကြွေးတစ်ဆယ်ထက် စိတ်ချရတယ်ဆိုတဲ့ စကားဟာလည်း အမှန်ပင်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပစ္စည်းလက်ခံထားသူက အပ်နှံ ထားသူကို မိမိအလိုရှိချိန်မှာ ပြန်လည်ပေးအပ်မှုအပေါ် များစွာမူတည်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သို့မဟုတ်အသင်းအဖွဲ့များ၊ အများပိုင်ကုမ္ပဏီများမှ တောင် သူများ သီးနှံပေါ်ချိန်မှာ သီးနှံများအပ်နှံမှုကို လက်ခံပြီး ဘဏ်တစ်ခုခုမှ ချေးငွေ ထုတ်ပေးထားခြင်းဖြင့် ဘဏ်မှလည်းအတိုးရမယ်။ သီးနှံအထူးပြုကုမ္ပဏီ သို့မဟုတ် အများပိုင်ကုမ္ပဏီမှလည်း မိမိလက်ဝယ်ပစ္စည်းရှိထားမယ်ဆိုရင် ရှိထားတဲ့ ပစ္စည်း အရေအတွက် တိတိကျကျသိရှိရလို့ နိုင်ငံတကာ ဈေးကွက်ကိုလည်း ရောင်းချ နိုင်မယ်။ ဝယ်လိုသူများကိုလည်း ကမ်းလှမ်းနိုင်မယ် ကုန်ပစ္စည်းရောင်းရရင် သက် ဆိုင်သူမှ ကြိုက်နှစ်သက်တဲ့ဈေးဖြစ်က ဘဏ်မှတစ်ဆင့် သီးနှံအပေါင်ငွေ အတိုး၊ ဝန်ဆောင်ခများ ခုနှိမ်ပြီး ပိုလျှံငွေကို သီးနှံအပ်သူကို ပြန်လည်ပေးအပ်နိုင်မှာဖြစ် ပါတယ်။ ဒါမှသာ သီးနှံအပ်သူမှ စိုးရိမ်စရာ မလိုတော့တဲ့ အခြေအနေကို ရောက်ရှိ မှာဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပလောကမှာဖြစ်ပေါ်နေတဲ့ အရောင်းအဝယ် အရှုပ် အရှင်းများ ပပျောက်စေရေးအတွက် ခိုင်မာတိကျတဲ့ မူဝါဒစည်းမျဉ်း စည်းကမ်း များနဲ့ ဥပဒေဘောင်အတွင်းမှ စိုက်ပျိုးသူ တောင်သူလယ်သမားများ အတွက် ဆောင်ရွက်ပေးစေလိုလှပါတယ်။ နိုင်ငံအတွင်း ဈေးနှုန်းအတက်အကျ မြင့်မားတိုင်းမြင့်မားတိုင်း တိမ်းရှောင် သွားမှုများ၊ ခြေရာပျောက်ထွက်ပြေးမှု များရှိလို့ နစ်နာသူများလည်း ရှိပါတယ်။ နစ်နာသူမျာ ဘက်မှလည်း ဆုံးရှုံးမှုအတွက် တောင်းဆိုရာမှာ ဥပဒေစည်းကမ်း မကိုက်ညီလို့ ထင်သလောက် အရေးယူအပြစ်ပေးနိုင်မှုများ မရှိဘဲ ဆုံးရှုံးသူဘက်မှ နစ်နာလှပါတယ်။ နစ်နာသူမှ အမှုဖွင့်ဆောင်ရွက်သဖြင့် ထပ်မံကုန်ကျမှုများရှိလို့ မိအေးနှစ်ခါနာ ဇာတ်လမ်းများလည်း ရှိခဲ့ပါတယ်။ ယုံကြည်မှု၊ ခင်မင်မှုတွေနဲ့ လုပ်ကိုင်တဲ့လောကမှာ ထွက်ပြေးဖို့ အနေအထားတွေ တွေ့နေရတယ်လို့ ပြည် ထောင်စုဝန်ကြီ ဦးဝင်းမြင့်မှလည်း ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရုံးခွဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့ဆန်စက်ပြပွဲ အလုပ်ရုံဆွေးနွေးပွဲမှာ ပြော ကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဲဈေးကွက်ကဲ့သို့ အရှုပ်အရှင်းများ ထပ်မံမပေါ်ပေါက်လာနိုင်အောင် ကုန်စည်ဒိုင်များ၊ အသင်းအဖွဲ့များမှ စနစ်တကျ ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒါကြောင့် ပစ္စည်းပိုင်ရှင်များမှလည်း မိမိပစ္စည်းကို သေချာစွာ အပ်နှံဆောင် ရွက်ကြပါရန်နဲ့ ပစ္စည်းလက်ခံသူများမှလည်း ကြာကြာဝါးမယ့်သွား အရိုးကြည့် ရှောင်ဆိုတဲ့ စကားအတိုင်း ဈေးကစားခြင်း၊ ကြိုရောင်းခြင်းများ မပြုလုပ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။ ခေတ္တရာဟင်္သာ