Main menu

Background

သြဂုတ်လအတွင်း ချင်း ၁၃၀ တင်ပို့နိုင်

Sun, 09/09/2012 - 05:57 -- Anonymous (not verified)

သြဂုတ်လအတွင်းမှာ စင်ကာပူနိုင်ငံသို့ ချင်း တန် ၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ တင်ပို့နိုင်ခဲ့တာက တန်ရှစ်ဆယ်ကျော်ဖြစ်တာကြောင့် သြဂုတ် လမှာ တန် ၅၀ လောက်ပိုမို တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ ချင်းတင်ပို့နိုင်ခြင်း မရှိခဲ့တာတွေ့ရပါတယ်။ သြဂုတ် လအတွင်း ချင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သိန်းရှစ် ထောင်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။                                                                    MIRT (DOT)