Main menu

Background

မလေးရှားသို့ နနွင်း အများဆုံးတင်ပို့

Sun, 09/09/2012 - 06:01 -- Anonymous (not verified)

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လနောက်ဆုံးပတ်မှာ နနွင်း ၁၁၆ ဒသမ ၉၉ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုက ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို တန် ၆၀ နဲ့ ထိုင်းနိုင်ငံကို ၃၁ ဒသမ ၉၉ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ပြည်ပကို နနွင်းတင်ပို့မှုက တန်သုံးဆယ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုသာခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၅၀-၇၀၀ ထိရရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း နနွင်းတင်ပို့ခဲ့တဲ့နိုင်ငံများက စင်ကာပူနိုင်ငံ၊ ပါကစ္စတန်၊ မလေးရှား၊ ရီမန်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း နနွင်းတင်ပို့မှုက ၂၆၇ ဒသမ ၉၇ တန်ရှိခဲ့ပြီး ဇူလိုင်လအတွင်း နနွင်းတင်ပို့မှုက ၄၉ ဒသမ ၁၀ တန်သာရှိခဲ့တာကြောင့် သြဂုတ်လမှာ ၂၁၈ ဒသမ ၈၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်သြဂုတ်လအတွင်း နနွင်း တင်ပို့မှုမှ ရရှိခဲ့တဲ့ပို့ကုန်ဝင်ငွေက စုစုပေါင်း ကန်ဒေါ်လာ တစ်သိန်းကိုးသောင်း လေးထောင် ကျော်ဖြစ်ပါတယ်။       MIRT (DOT)