၂၀၁၂ ခုနှစ် သြဂုတ်လရဲ့ ပခုက္ကူကုန်စည်ဒိုင် ကြက်သွန် နီ အဝင်အထွက်စာရင်းကို လေ့လာကြည့်ရာမှာ အဝင် အနေနဲ့ ပိဿာချိန် ၁၁ သိန်း ၆ သောင်းကျော်အဝင်ရှိတာကို တွေ့ရပါတယ်။ အထွက်အနေနဲ့ မန္တလေးကို ကားနဲ့သယ်ယူခ တစ်ပိဿာ ၁၇ ကျပ် - ၂၀ ကျပ်နှုန်းနဲ့ ပိဿာချိန် နှစ် သောင်းခွဲကျော် ရန်ကုန်ကို ကားနဲ့ သယ်ယူခ တစ်ပိဿာ ၄၀ ကျပ် - ၅၅ ကျပ်နှုန်းနဲ့ ပိဿာချိန် နှစ်သိန်းခြောက် သောင်းကျော် အထွက်ရှိတယ်ဆိုတော့ စုစုပေါင်းအထွက်က ၃ သိန်းနီးပါးရှိပါတယ်။ ကြက်သွန်နီဟာရေလမ်းနဲ့ မသွားဘဲ ကုန်းလမ်းနဲ့ သွားနေတာကို သတိထားမိပါတယ်။ အဝင်နည်း တဲ့အတွက် ကုန်ချိန်နှိုင်းယှဉ်ကြည့်ရင်လက်ကျန်အနေနဲ့ ပခုက္ကူမှာ ကြက်သွန်နီ ပိဿာချိန် ၈ သိန်းကျော် ၉ သိန်းနီးပါး(သြဂုတ်လတစ်လတည်း) ရှိနေတာတွေ့ရ မှာဖြစ် ပါတယ်။ဈေးနှုန်းတွေအနေနဲ့ကတော့ တစ်ပိသာကို အထက်စ ၆၀၀ ကျပ် - ၆၅၀ ကျပ် - ၆၇၅ ကျပ်၊ အောက်စ ၄၂၅ ကျပ် - ၄၅၀ ကျပ် - ၄၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပါ တယ်။ စက်တင်ဘာလထဲမှာဆိုရင်လည်း စက်တင်ဘာ ၆ ရက်ထိ ပိဿာချိန် တစ်သိန်းနီးပါး ဆက်ဝင်နေတယ်လို့ သိရ ပါတယ်။ လှောင်ထားတဲ့ ကြက်သွန်နီဟာ နိုဝင်ဘာလမှာ အစို့ထွက်၊ ဥချောင်၊ အရည်ပျော်ဆိုတာ ဖြစ်တတ်တဲ့အတွက် သက်တမ်းကာလဟာ သုံးလ တင်းတင်းပဲ ရှိပါတော့တယ်။ လေ့လာခဲ့တဲ့ စာရင်းတွေအရ ပခုက္ကူမှ ကြက်သွန်နီဟာ အဝင်သွက်သလောက် အထွက်အီနေတာ တွေ့ရပါတယ်။ ကြက်သွန်ဖြူဆိုတာ မွှန်တတ်တာမျိုးဆိုတော့ သဘာဝမွှန် တာကိစ္စမရှိပေမယ့် ပစ္စည်းလက်ကျန်အခြေအနေကို တွက် ဆပြီး၊ တက်ဈေးမှန်းရင်း ဈေးနှုန်းမမွှန်ကြစေဖို့ သတိပြုအပ် ကြောင်း တင်ပြလိုက်ရပါတယ်။မြင့်ဦး
Background