အမေရိကန်ကုမ္ပဏီများစွာက တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းအချို့ကို အာဆီယံ ဒေသတွင်းနိုင်ငံတွေ ကို ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေကြောင်းကို စင်ကာပူရှိ အမေရိကန်ကုန်သည် များအသင်းချုပ် (Amcham Singapore) ရဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားတယ်။
Amcham က တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ အကြီးတန်းအမှု ဆောင်အရာရှိ ၃၅၆ ဦးကိုလေ့လာမှုအရ ၂၁ ရာခိုင်နှုန်းခန့်ဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချပြီး လာမယ့်နှစ်နှစ်ကျော်မှာ အရှေ့တောင်အာရှကို စီးပွားရေးလုပ်ငန်းတွေ ပြောင်းရွှေ့သွားဖို့ စီစဉ်နေတယ်လိ့ု သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်း လေ့လာစဉ်က လုပ်ငန်းပြောင်းရွှေ့လိုတဲ့ ရာခိုင်နှုန်း မှာ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ၎င်းလေ့လာချက်မှာ ဖော်ပြထားတယ်။အရှေ့တောင်အာရှနိုင်ငံတွေအနက် မလေးရှားနဲ့ ဖိလစ်ပိုင်မှာ လုပ်ငန်းတွေ တိုးချဲ့ရင်းနှီးမြှုပ် နှံသွားဖို့ ရွေးချယ်မှုပို များကြောင်း၊ ဒုတိယစိတ်ဝင်စားခံရမှု အများဆုံးနိုင်ငံတွေမှာ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံတို့ဖြစ်တယ်။ တတိယမြောက် စိတ်ဝင်စားခံရတဲ့နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်တယ်။ တရုတ်နိုင်ငံမှ ခွာလိုတဲ့ အဓိကအကြောင်းရင်းမှာ လုပ်သားခဈေးမြင့်လာတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်းမှာပဲ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာမှာ ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ တယ်။ Amcham ဒုတိယဥက္ကဋ္ဌ Tami Overby က အာဆီယံဟာ အမေရိကန်ရဲ့ အလွန်အရေးပါ လှတဲ့ ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားဖက်ဒေသဖြစ်ရုံသာမက ကမ္ဘာ့စီးပွားရေးမှာလည်း ထွန်းလင်းတောက်ပနေတဲ့ ဒေသတစ်ခုဖြစ်နေတယ်လို့ ဆိုထားတယ်။ Source:Reuters.com,ပပ