Main menu

Background

၁-၉-၂၀၁၂ မှ ၇-၉-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

Sun, 09/09/2012 - 06:06 -- Anonymous (not verified)

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီတစ်မျိုးသာ လိုင်စင်လျှောက်ထား
သြဂုတ်လနောက်ဆုံးပတ်မှာတော့ ဓာတ်ဆီတစ်မျိုးသာလျှင် လိုင်စင်လျှောက် ထားလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ကုမ္ပဏီလေးခုမှ လျှောက်ထား လာခဲ့တဲ့ ဓာတ်ဆီတန်ချိန်က ၄၈၀၀ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီ လျှောက်ထားတန်ချိန်မှာ သုံးထောင်ကျော်ဖြစ်တာကြောင့် ဒီတစ်ပတ် မှာ ဓာတ်ဆီ လျှောက်ထားမှုတန်ချိန် တစ်ထောင့်ခုနစ်ရာပိုခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ အတွင်း လျှောက်ထား လာခဲ့တဲ့ ဓာတ်ဆီတန်ချိန်မှာ ၁၅၂၀၀ တန်ဖြစ်ပြီး ဒီဇယ်က ၉၂၈၂၃ ဒသမ ၅၄ တန်ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ အောက်တိန်းက ဈေး မပြောင်းပေမဲ့ အဆင့်မြင့်ဒီဇယ်ဈေးက တစ်ဂါလန်ကို ငါးဆယ်ကျပ်ဈေးမြင့် လာပါတယ်။ ပြင်ပဆိုင်ရဲ့ဒီဇယ်ဈေးက ပီပါဈေးရော၊ တစ်ဂါလန်ချင်းဈေးေ ရာ ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက ပီပါဝယ်ဈေး ကျပ်ငါးထောင်နီးပါး ဈေးမြင့်လာပြီး ပီပါရောင်းဈေးက ကျပ်နှစ်ထောင်ဈေးမြင့်ကာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ တစ်ဂါလန်ချင်းအနေ နဲ့က တစ်ရာနှစ်ရာဝန်းကျင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဈေးနှုန်းတွေက ဒီဇယ်တစ်ဂါလန် ၃၈၅၀ ကျပ်၊ ဓာတ်ဆီ ၃၅၅၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက ၄၂၀၀-၄၃၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်တွေရဲ့ ဒီဇယ်ဈေးက ဝယ်ဈေးရော ရောင်းဈေးပါမပြောင်းလဲ ပေမဲ့လည်း ဓာတ်ဆီဈေးက တစ်ပီပါကို ဝယ်ဈေးကလေး ငါးထောင်ကြား ဈေးမြင့် အဝယ်ရှိသော်လည်း ရောင်းဈေးက တစ်ပီပါကို ကျပ် နှစ်ထောင်ဝန်းကျင် သာဈေး မြင့်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ယခင်တစ် ပတ်ဈေးအတိုင်း ဓာတ်ဆီဈေးက ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်ဈေးက ၃၉၀၀ ကျပ် အတိုင်းပဲဖြစ်ပါတယ်။ ပြင်ပစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက ၄၁၀၀-၄၂၀၀ ကျပ်နဲ့ ရောင်းချပြီး ဒီဇယ်ဈေးက ၃၈၀၀ ကျပ် ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ တစ်ဂါလန်ကို ၃၇၀၀ ကျပ်နဲ့ ရောင်းချ ပေးနေတဲ့ ဓာတ်ဆီက ပြင်ပဆိုင်မှာတော့ ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးက ပြင်ပဆိုင်မှာ ၃၆၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နေပေမဲ့ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာတော့ တစ်ဂါလန် ၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဓာတ်ဆီဈေးက ပုံမှန်ပဲရှိနေပေ မဲ့ ဒီဇယ်ဈေးက ယခင်တစ်ပတ်ဈေးထက် တစ်ရာကျပ်ဈေးမြင့်လာသလို အောက် တိန်းဈေးကလည်း တစ်ရာကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆိုင် ဈေးရဲ့ ဓာတ်ဆီက တစ်ဂါလန် ၃၆၅၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ၃၉၀၀ ကျပ်နဲ့ အောက်တိန်းက ၄၁၀၀ ကျပ်ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင် များရဲ့ရောင်းဈေးက ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ အောက်တိန်း တစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                     MIRT-DOTနယ်စပ်မှ ဓာတ်ဆီပိုမိုတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီတင်သွင်းမှုလျော့ကျ
 
သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်း များမှ ယခင်အပတ်ကထက် ဓာတ်ဆီတင်သွင်းမှုပိုမိုသော်လည်း ဒီဇယ်ဆီတင် သွင်းမှု များစွာလျော့နည်းခဲ့ပါတယ်။ ယခုအပတ်အတွင်း မှာ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၄၅၄၄၇ ဂါလန်နဲ့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၁၇၀၄ဂါလန် တင်သွင်းခဲ့ရာ ဓာတ်ဆီ ၅၇၁၅၁ ဂါလန်ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၁၂၆၉ ဂါလန် ပိုမိုတင်သွင်းခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ တင်သွင်းမှု ပိုမိုခဲ့၍ ဖြစ်ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှုကိုကြည့်မယ်ဆိုလျှင် ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ၁၉၆၈၇ ဂါလန်ကျော်နဲ့ တာချီလိတ် မှ ကန်ဒေါ်လာ သုည ဒသမ ၂၅၉ သန်းတန်ဖိုးရှိ ၄၁၃၉၇ ဂါလန်ကျော် စုစုပေါင်း ဒီဇယ်ဆီ ၆၁၀၈၅ ဂါလန်ခန့် တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၆၃၈၈၈ ဂါလန် အသွင်းလျော့ခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်ဆီကို တာချီလိတ်နဲ့ မြိတ်နယ်စပ် စခန်းနှစ်ခုမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုအပတ်မှာတော့ တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်မှ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ တာချီလိတ်မှ တင်သွင်းမှုလျော့နည်းသလို ကော့သောင်းမှတင်သွင်းတဲ့ပမာဏဟာ မြိတ်စခန်းမှတင်သွင်းခဲ့တဲ့ ပမာဏကိုမမီတဲ့ အတွက်ဖြစ်ပါတယ်။ ကော့သောင်းမှာ ဒီဇယ်ဆီ ၁ ဂါလံပေါက်ဈေး ၃၅၀၀ ကျပ်၊ ဓာတ်ဆီ ၁ ဂါလန် ၃၉၀၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံဈေးမှာ ဒီဇယ်ဆီ တစ်ဂါလန် ၄ ဒေါ်လာနဲ့ ဓာတ်ဆီ တစ်ဂါလန် ၄ ဒသမ ၅ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
 
၁-၉-၂၀၁၂ မှ  ၇-၉-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း

တရုတ်

(ကျပ်)
(ကျပ်)

၁။  
မူဆယ်
ဂါလန်
3850
4050

၂။
လွယ်ဂျယ်
ဂါလန်
4200
4150

၃။
ချင်းရွှေဟော်
ဂါလန်
-
-

ထိုင်း

(ကျပ်)
(ကျပ်)

၁။
ကော့သောင်း
ဂါလန်
3900
3500

၂။
မြဝတီ
ဂါလန်
3500
3500

၃။
တာချီလိတ်
ဂါလန်
3808
3865

အိန္ဒိယ

(ကျပ်)
(ကျပ်)

၁။
တမူး
ဂါလန်
4035
4350

ဘင်္ဂလားဒေ့ရှ်

(ကျပ်)
(ကျပ်)

၁။
စစ်တွေ
ဂါလန်
4400
3500

၂။
မောင်တော
ဂါလန်
5500
4200