Main menu

Background

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး အနည်းငယ်ကျလာ

Sun, 09/09/2012 - 06:07 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းတွင် ငွေလဲစင်တာများ၌ ဈေးနှုန်းမှာ တည်ငြိမ်နေခဲ့သော်လည်း ပြင်ပငွေဈေးကွက်တွင်မူ အနည်းငယ် ဈေးကျခဲ့သည်ကို တွေ့ရသည်။ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၄ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့သော် လည်း ပြင်ပငွေဈေးကွက် တွင်မူ စက်တင်ဘာ ၃ ရက်က ရောင်းဈေး ၈၆၁ကျပ် ဝယ်ဈေး ၈၅၉ ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည်ကိုတွေ့ရသည်။ စက်တင်ဘာ ၇ ရက်တွင်မူ ရောင်းဈေး ၈၇၁ ကျပ် ဝယ်ဈေး ၈၆၉ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲသူများတွင် မော်တော်ယာဉ်တင်သွင်းရန်အတွက် ပုဂ္ဂလိကငွေလဲစင်တာများတွင်သာ သွား ရောက်လဲလှယ်နေကြသဖြင့် ပြင်ပငွေဈေးကွက်တွင် အရောင်းအဝယ် နည်းပါးနေရခြင်းဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်မှာ ကျွန်တော်တို့ အပြင်ဈေးကွက်မှာ ငွေလဲတဲ့သူနည်းတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကဆိုပါေ တာ့။ မော်တော် ယာဉ်တင်သွင်းမယ့် သူတွေက ဘဏ်ကို ငွေသွင်းဖို့အတွက်ဝယ်ကြတဲ့အခါ တရားဝင်ဖွင့်ထား တဲ့ ငွေလဲစင်တာတွေကဝယ်တဲ့ ငွေကိုပဲ လက်ခံမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ရဲ့ အပြင်ငွေလဲဈေးကွက် အေးသွား ရတာပါ။ အဲဒါကြောင့် ဈေးနည်းနည်းချ ပြီး လဲပေးနေတာပါ"ဟု ပြင်ပငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။        မယ်သီတာ