Main menu

Background

မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာ

Sun, 09/09/2012 - 06:08 -- Anonymous (not verified)

ယခင်ရက်များအတွင်းက   နေ့စဉ် ရက်ဆက်ဆိုသလိုအတက်ပြနေခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် လည်း အတက်ဘက်သို့သာ ဦးတည်နေ သည်ကို တွေ့ရသည်။

ကမ္ဘာ့ရွှေဈေး  အတက်ကြမ်းလာ မှုကြောင့် မြန်မာ့ရွှေဈေးပါလိုက်တက်ရ သည်ဟု  ဆိုသော်လည်း ဈေးကွက် အတွင်း ရွှေဝယ်လိုအားမှာမူ ကျဆင်း သွားကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း တစ်ပတ် အတွင်း စံချိန်တင်မြင့်တက်ခဲ့ရာ နယူး ယောက်ရွှေဈေးကွက်တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ အထိ မြင့်တက်ခဲ့သည်။ သို့သော် ရွှေ ဈေးဆက်တိုက်မြင့်တက်လာမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရွှေကုန်သည်များ သည်ရွှေကို ထုတ်ရောင်းခဲ့ကြရာ ကမ္ဘာ့ ရွှေဈေးမှာ ပြန်လည်ကျဆင်း ခဲ့ကြောင်း ရွှေကုန်သည်တစ်ဦးက ပြောသည်။ထို့ပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် အတူ မြန်မာ့ရွှေဈေးပါ  လိုက်လံမြင့် တက်ခဲ့ရာ ပြီးခဲ့သည့်ရက်များအတွင်းက မြန်မာ့ရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် ၁၅၀၀၀နီးပါး စံချိန်တင်မြင့်တက် ခဲ့ပြီး ယခုတစ်ပတ်အတွင်းတွင် အနည်း ငယ်သာ  အတက်ပြခဲ့ကြောင်း ၎င်း းက ထပ်မံပြောကြားခဲ့သည်။"ဒီတစ်ပတ်မှာ   ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁၇၀၀ အထိ  တက်သွားခဲ့ တာ။  အဲဒီအချိန်မှာပဲ ရွှေကုန်သည် အကြီးစားတွေက ရွှေတွေကို ထုတ် ရောင်းခဲ့တာကြောင့် ကမ္ဘာ့ရွှေဈေးက ချက်ချင်းပဲ ပြန်ကျသွားခဲ့တယ်။  ကမ္ဘာ့ နိုင်ငံတော်တော်များများမှာ စီးပွားရေး အခြေအနေဆိုးတွေ ဖြစ်နေကြတာဆို တော့ ရွှေဈေးက အတက်ဘက်ကို ဦး တည်ဖို့ဖြစ်လာသလိုပဲ။ ဒီမှာကလည်း ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီး ဈေးကညှိနေ ကြတာဆိုတော့ ဟိုမှာ ဈေးတက်ရင် ဒီမှာလည်း ဈေးတက်မှာပဲ။ ဒီမှာဈေး တက်တော့  အဝယ်နည်းသလောက် ဖြစ်သွားတယ်။ ရောင်းမယ့်သူတွေက လည်း ပြန်အကျကို စောင့်နေကြတာ။ နည်းနည်းလေး   ပြန်ကျပြီဆိုတာနဲ့ ရောင်းကျတော့မှာ။ ဒါကြောင့်ရွှေဈေး က  အမြင့်ဆုံး ဘယ်လောက်အထိ ရောက်မလဲဆိုတာ ပြောရခက်ပါတယ်" ဟု ရွှေကုန်သည်တစ်ဦးကဆိုသည်။မြန်မာ့ရွှေဈေးသည်  စက်တင်ဘာ  ၃ရက်တွင် ကျပ် ၇၆၅၅၀၀ရှိခဲ့ရာမှ စက် တင်ဘာ ၇ရက်တွင် ကျပ် ၇၆၉၀၀၀ သို့ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေး သည်လည်း စက်တင်ဘာ ၃ ရက်က ၁၆၉၀ ဒေါ်လာရှိခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် ၁၆၉၃ ဒေါ်လာသို့ မြင့်တက် ခဲ့သည်။                   မယ်သီတာ