မြေသြဇာတင်သွင်းမှုလျော့
မြေသြဇာတင်သွင်းမှုလျော့သြဂုတ်လနောက်ဆုံးပတ်အတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မြေသြဇာ သုည ဒသမ ၇၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ မြေသြဇာက ဂျပန်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းခဲ့တဲ့ မြေသြဇာက တန်ချိန် တစ်ထောင်ကျော်ရှိ ခဲ့တာ ကြောင့် ဒီတစ်ပတ်မြေသြဇာတင်သွင်းမှုလျော့ခဲ့ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် တစ်ထောင့်ခုနစ်ရာကျော်ရှိခဲ့ပြီး ဇူလိုင်လအတွင်း တင်သွင်းခဲ့တဲ့ စုစုပေါင်း မြေသြဇာတန်ချိန်က ခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ စုစုပေါင်းတန်ချိန် ငါးထောင်ကျော်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)မောင်တောနယ်စပ် ဓာတ်မြေသြဇာတင်သွင်းမှု ပြန်လည်စတင်သြဂုတ် ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ မောင်တော နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၉၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၉၉ တန်ကျော်တင်သွင်းမှု ရှိလာတာ တွေ့ရပါတယ်။ နယ်မြေအခြေအနေအရ သြဂုတ် ၂၇ ရက်မှာ ကုန်သွယ်မှုများပြန်လည် ဆောင်ရွက် လာနိုင်ပြီဖြစ်တာနဲ့ ရှေ့ဦးတင်သွင်းလာတဲ့ သွင်းကုန်ကတော့ ဓာတ်မြေသြဇာပဲ ဖြစ်ပါတယ်။ ယခုအပတ်အတွင်း အခြားနယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ် မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ဓာတ်မြေသြဇာအစုံ ၁၆၄၀၀ တန် ကျော်၊ မြဝတီနယ်စပ်မှ တန် ၁၀၀၊ မြိတ်နယ်စပ်မှ ၇၅ တန်နဲ့ ရိဒ်မှ တန် ၃၀ ခန့်ဖြစ်ပါတယ်။ ယခုအပတ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅၁၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၆၈၀၄ တန်ဝန်းကျင်တင်သွင်းခဲ့ပြီး ယခင်အပတ်က ထက် ၃၁၅ တန် ကျော်ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင် သွင်းတဲ့ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ နိုက်တြစ်ဖော့စဖိတ်၊ တီစူပါဖော့ စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ၁၅း၅း၅ နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပါတယ်။ ယခင်အပတ်ကဈေးနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- ယခုအပတ် ယခင်အပတ် ပြောင်းလဲမှု % ၁-၉-၂၀၁၂(ကျပ်) ၂၅-၈-၂၀၁၂(ကျပ်) ယူရီးယား ၃၅၄၀၅၃ ၃၆၀၆၄၃ ၆၅၉၀ ၂ ကွန်ပေါင်း ၁၀း၁၀း၅ ၂၁၉၈၄၂ ၂၂၀၅၁၅ ၆၇၃ ၀ .၃ ကွန်ပေါင်း ၁၅း၁၅း၅ ၃၉၇၉၆၇ ၄၀၀၉၇၄ ၃၀၀၇ ၀ .၈MIRT(DOBT)အဝယ်လိုက်လာသော်လည်း ဈေးကွက်ငြိမ်နေဆဲ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအဝယ်လိုက်လာတယ် လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီရက်ပိုင်း မိုးလည်း ပါးလာတာကြောင့် မြေသြဇာလည်း နည်းနည်းအဝယ်လိုက် လာတယ်လို့ ပြောပါ တယ်။ ဒီအချိန်က မြေသြဇာကျွေးတဲ့ အချိန်လည်းဖြစ်တယ်။ ဒီကြားထဲ မိုးလည်း အရမ်းများနေတာကြောင့် မြေသြဇာမကျွေးသေးဘဲ စောင့်နေတာ။ အခုမိုးနည်း သွားမှ မြေသြဇာေ ကျွးရတာလို့ဆိုပါတယ်။ အဝယ်လိုက်လာပေမဲ့လည်း ဈေးက မြင့်မလာဘဲ ယခင်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တီစူပါ ၄၆% က ယခင်ထက်တစ်ထောင် ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း(ပန်းရောင်း)ထိုင်းက ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းဖြစ်တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာလည်းဈေးကတော့ အတက်အကျမရှိဘဲ ယခင်တစ်ပတ်ဈေး အတိုင်း ရောင်းချနေတယ် လို့ သိရပါတယ်။ ယူရီးယား(နေရွက်လှေ-တရုတ်)၂၀၁၀၀ ကျပ်၊ ယူရီးယား(ရွှေ တောင်-တရုတ်) ၂၀၂၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၂၂၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၈၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ-ထိုင်း)က ၃၈၃၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ (ရွက်လှေ-တရုတ်)က ၃၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း ဈေးနှုန်းတွေက အပြောင်းအလဲ သိပ်မရှိဘူးလို့သိရပါတယ်။ ယူရီးယားနဲ့ တီစူပါ မြေသြဇာကအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်နေပေမဲ့ အာမို ၁၅း၁၅း၁၅ က သြဂုတ်လဆန်းပိုင်းမှစပြီး ဈေးငြိမ်နေတာ ဒီတစ်ပတ်အထိပဲဖြစ်ပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၇၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၇၀၀ ကျပ်နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT (DOT)
