Main menu

Background

ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်လိုအားမြင့်မားလာသဖြင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၇၀၁ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့

Sun, 09/09/2012 - 06:09 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေး နေခြင်းကြောင့်  ကမ္ဘာ့နိုင်ငံအချို့ရဲ့ ဗဟိုဘဏ်တွေက စီးပွားရေးလှုံ့ဆော် မှုစီမံကိန်းတွေ ချမှတ်ဆောင်ရွက်နိုင် တယ်ဆိုတဲ့ ယူဆမှုပိုမိုခိုင်မာလာရာ ရွှေ ကိုရင်းနှီးမြှုပ်နှံထားဖို့ ဝယ်ယူမှု များ လာတယ်။ ဒါကြောင့် စက်တင်ဘာ ၅ ရက်က နယူးယောက် Comex ရဲ့ ဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၇၀၁ ဒသမ ၆၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ၎င်း  ဈေးနှုန်းက ၂၀၁၂ ခုနှစ်  မတ် ၁၃ရက် နောက်ပိုင်း  အမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။

ဒါပေမဲ့ ဥရောပဗဟိုဘဏ်အနေနဲ့ အစည်းအဝေးတစ်ရပ်  ကျင်းပကာ ဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်နိုင်ရေး ဆွေးနွေးသွားကြမယ် ဆိုတဲ့  သတင်းကြောင့်   ရွှေဈေးနှုန်း အနည်းငယ်အားနည်းသွားပြီး ၎င်း နေ့ စင်ကာပူစံတော်ချိန်  နံနက် ၁၁း၅၉ နာရီမှာ ရွှေတစ်အောင်စကို ၁၆၉၂ ဒသမ ၅၇ ဒေါ်လာအထိ ကျဆင်းသွား ပြီးနောက် ၁၆၉၀ ဒသမ ၄၀ ဒေါ်လာနဲ့ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ လောလောဆယ်မှာ ကမ္ဘာ့ရွှေဈေး နှုန်းတွေက ဗဟိုဘဏ်တွေရဲ့ ငွေကြေး မူဝါဒလျှော့ချနိုင်တယ်ဆိုတဲ့ မျှော်လင့် ချက်တွေအပေါ်မူတည်ပြီး ပြောင်းလဲ လျက်ရှိတယ်။ လန်ဒန်အခြေစိုက် အဖိုး တန်သတ္တုဆိုင်ရာ အကြံပေးလုပ်ငန်း ကြီးတစ်ခုဖြစ်တဲ့  Thomson Reuters GFMS  ကတော့ နှစ်ကုန်ပိုင်းမှာ ရွှေ တစ်အောင်စကို ၁၈၀၀ ဒေါ်လာအထိ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားတယ်။Source:bloomberg.comပပ