Main menu

Background

ဘိလပ်မြေတန်ချိန် ခြောက်သောင်းနီးပါးဝင်

Sun, 09/09/2012 - 06:12 -- Anonymous (not verified)

ဘိလပ်မြေတန်ချိန် ခြောက်သောင်းနီးပါးဝင်
ပြည်တွင်းကို သြဂုတ်လနောက်ဆုံးပတ်အတွင်း ဘိလပ်မြေတန်ချိန် ၅၉၇၀၀ ဒသမ ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင် လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ  စင်ကာ ပူမှ ဘိလပ်မြေ ၄၇၈၄ ဒသမ ၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၄၉၁၅ ဒသမ ၃၅ တန်ဖြစ်ပါတယ်။ သြဂုတ်လအတွင်း တစ်ပတ်ကို ပျမ်းမျှဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသောင်းလေးေ ထာင်ကျော် ရှိတယ်လို့ သိရပါတယ်။

 
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဘိလပ်မြေ တင်သွင်းခဲ့တဲ့ တန်ချိန်စုစုပေါင်းမှာ တစ်သိန်းလေးသောင်းနီးပါးရှိခဲ့ပြီး ဇူလိုင်လရဲ့ ဘိလပ်မြေစုစု ပေါင်းက တန်ချိန် တစ်သိန်းနှစ်သောင်းနီး ပါးရှိခဲ့တာကြောင့် သြဂုတ်လမှာ တန်ချိန် နှစ်သောင်းနီးပါးပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။        MIRT (DOT)
နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှုနှစ်ဆနီးပါးလျော့နည်း
သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၉၅ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၂၄၅၂ တန်ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှုထက် နှစ်ဆနီး ပါးတန်ချိန်အားဖြင့် ၁၄၁ တန် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင် အပတ်ကထက် ချင်းရွှေဟော်နယ်စပ်စခန်းတစ်ခုမှသာ ပိုမိုတင်သွင်းခဲ့သော်လည်း တာချီလိတ်၊ ကော့သောင်း၊ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ တင်သွင်းတဲ့ ပမာဏလျော့နည်းခဲ့တဲ့အပြင် ယခုအပတ်မှာ မြိတ်နယ်စပ်မှ အသွင်းမရှိခဲ့ခြင်းတို့ ကြောင့် ဘိလပ်မြေတင်သွင်းမှုပမာဏ သိသိသာသာလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၆၇၂ တန်၊ ချင်း  ရွှေဟော်မှ တန် ၃၂၀ခန့်၊ ကော့သောင်းမှ ၂၈၈ တန်ကျော်၊ မူဆယ်မှ ၁၃၅ တန်နဲ့ လွယ်ဂျယ်မှ တန် ၁၀၀၀ ကျော် အသီးသီးဖြစ်ပါတယ်။     MIRT (DOBT)
အရောင်းအေးသော်လည်း ပုံမှန်ဈေးကွက်သာ ရှိနေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးနေတယ်လို့ အရောင်းဆိုင်မှဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီလိုမိုးများတဲ့ ကာလတွေမှာ အရောင်း အဝယ်ကအေးတယ်။ ပွင့်လင်းရာသီရောက်လာမှပဲ ပြန်လည်ပြီး အရောင်းအဝယ် ကောင်းလာတတ်ပါတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်အေးသလို ဈေးကလည်း ငြိမ်နေတယ်လို့ ပြောပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးက မြင်း ခေါင်းဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၇၅၀ကျပ်၊ ကြံ့(မြိုင်ကလေး) ၃၉၅၀ ကျပ် ဈေးရှိကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။  ယိုးဒယား ပစ္စည်းထဲမှာ စိန်ဘိလပ်မြေကို အသုံးပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့်  စိန်ဘိလပ်မြေဈေးက ဆင်ဘိလပ်မြေဈေးကို အမီလိုက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်ပေမဲ့ လည်း ဈေးက တော့ငြိမ်နေသေးတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ် နေတဲ့ဈေးတွေ က အေသုံးလုံး ၅၃၀၀ကျပ်၊ မြန်မာဆင် ၅၃၀၀ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) ဘိလပ်မြေ ၆၀၀၀ကျပ်၊ ဆင်မင်း(ကျောက်ဆည်)ဘိလပ်မြေ ၅၁၀၀ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၂၀၀ ကျပ်ဈေးနဲ့ မြင်းခေါင်းဘိလပ်မြေ ၅၁၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်ရှိတယ်လို့သိရ ပါတယ်။ ယခင်တစ်ပတ် မှာ ရောင်းအားပြန်တက်လာသလို ဒီတစ်ပတ်မှာလည်း အရောင်း အဝယ်ဖြစ်နေတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးက  ဆင်ဘိလပ်မြေ ၄၉၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မောင်းတိန်း ၄၆၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်ဖြစ်ပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေက ဆက်လက်ပြီး အရောင်းအဝယ်အေးနေ သေးတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ် ပတ်မှာတော့ အရောင်းအဝယ်အေးသလို ဘိလပ်မြေဈေးကလည်း ယခင်တစ်ပတ် ဈေးတွေထက် ဈေးကျလာတယ်လို့ သိရပါတယ်။ ဆင် (ထိုင်း)ကတစ်အိတ်ကို ၅၀ ကျပ်ဈေးကျလာပြီး မြင်းခေါင်းဘိလပ်မြေက သုံးရာကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ဆင်(ထိုင်း) ၅၈၅၀ ကျပ်နဲ့ မြင်းခေါင်း ၄၉၀၀ ကျပ်ဈေးနဲ့ဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်နည်းနည်း အေး တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ လည်း ဘိလပ်မြေဈေးက အပြောင်းအလဲမရှိပေမဲ့ နဂါးဘိလပ်မြေက ယခင်ဈေး ထက် တစ်ရာကျပ်ဈေးကျလာတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက စိန်(ထိုင်း) က တစ်အိတ် ကို ၆၇၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၆၈၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေတစ်အိတ်ကို ၅၀၀၀ ကျပ်နဲ့ နဂါး ၅၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။                                                            MIRT (DOT)