ဒီသီတင်းတစ်ပတ်မှာတော့ နို့ဆီ ၁၄ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာသုံးသိန်းကျော်ဖိုးနဲ့ ဒွန်းနို့စိမ်း ၁၂ ဒသမ ၃၇၆ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ် လအတွင်း နို့ဆီအဝင်စုစုပေါင်း က တန် ချိန် ၁၀၈၈ ဒသမ ၇၇ တန် ရှိခဲ့ပါတယ်။ နို့စိမ်းက သြဂုတ်အတွင်း နောက်ဆုံးပတ် မှသာ ၁၂ ဒသမ ၃၇၆ တန် အဝင်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဇူလိုင် လနဲ့ သြဂုတ်လ နို့ဆီတင်သွင်းမှုကို နှိုင်း ယှဉ်ကြည့်ပါက သြဂုတ်လတင်သွင်းမှု သည် တန် ၈၀၀ နီးပါးလျော့ကျခဲ့ကြောင်း သိရပါတယ်။နို့စိမ်းက ဇူလိုင်လမှာ အဝင်များခဲ့ပြီး သြဂုတ်လမှာ အဝင်နည်းခဲ့ပါတယ်။ နို့မှုန့် ကသြဂုတ်လ နောက်ဆုံးပတ်အတွင်း ၃၅ တန်ကျော်သာ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေမှာ မလေးရှားနဲ့ နယူးဇီလန်ဘက်ကပဲဖြစ်ပါတယ်။ သြဂုတ် လအတွင်း နို့မှုန့်အဝင်စုစုပေါင်းက တန် သုံးရာ့ခြောက်ဆယ်ကျော်ရှိခဲ့ပြီး ဇူလိုင်လ ရဲ့ နို့မှုန့်အဝင်စုစုပေါင်းက တန်ချိန် သုံး ရာ့တစ်ဆယ်ကျော်သာ ရှိခဲ့တာကြောင့် သြဂုတ်လမှာ နို့မှုန့်တန်ချိန် ၅၀ အဝင်ပို ခဲ့တယ် လို့သိရပါတယ်။ MIRT (DOT)နယ်စပ်မှ အသွင်းစုံလင်
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ နို့ဆီ ၁၈ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်း တန်ဖိုးရှိ နို့စိမ်း ၈၅ တန်ကျော်ကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်ထိ ကာ လအတွင်းမှာ တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်က နို့စိမ်းတစ်မျိုးသာ တင်သွင်းခဲ့ ပြီး ယခုအပတ်မှာ နို့စိမ်း တန် ၃၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းတန်ဖိုးရှိ နို့မှုန့် ၄၈ တန်ခန့် တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၁၀ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ကော့ သောင်း နယ်စပ်မှာ နို့ဆီနဲ့ နို့စိမ်းတစ် တာဈေးများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိပါဘူး။ မူဆယ်နယ်စပ်မှာ နို့မှုန့်ဈေးကတော့ အနည်းငယ် ပြောင်းလဲ မှုရှိပါတယ်။ MIRT (DOBT)