Main menu

Background

ပြည်ပကို နှမ်းတင်ပို့မှု ပြန်လည်တိုးတက်

Sun, 09/09/2012 - 06:18 -- Anonymous (not verified)

ဒီတစ်ပတ်မှာ နှမ်းပြည်ပတင်ပို့မှုက သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ အရင်တစ်ပတ်က တန်ချိန် ၄၅၀ သာရှိခဲ့ရာမှယခုတစ်ပတ်စက်တင်ဘာလ ၁ ရက်နေ့အထိမှာတော့ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ထိုင်းနဲ့ တရုတ်တို့ ဖြစ်ပါတယ်။ ပြည်တွင်းရှိ အချို့ဒေသတွေမှာ မိုးနှမ်း တွေထွက်ရှိလာတာကြောင့် နှမ်းတင်ပို့မှု တက်လာခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၄၀၀ ကျော်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်သာ ရှိခဲ့တာတွေ့ရပါတယ်။MIRT - MAPT