ဖြေလျော့တင်သွင်းခွင့် ပြုထားတဲ့ စား သောက်ကုန်များအနက် နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ စားသောက်ကုန်ကတော့ အချိုမှုန့်ပဲ ဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်မှ ပုံမှန် တင်သွင်းခဲ့ရာ သြဂုတ် ၂၉ ရက်မှ စက် တင်ဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်မှလည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၄၃ တန်ကျော်တင်သွင်းခဲ့ရာ ယခင်အပတ်က ထက် ၇၄ တန်ကျော် ပိုမိုတင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုများမှာ ချင်းရွှေဟော်မှ တန် ၈၀၊ မူဆယ်မှ ၃၈ တန်ကျော်နဲ့ မြဝတီမှ ၂၅ တန် အသီး သီးဖြစ်ပါတယ်။ MIRT(DOBT)
Background