မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့မှုရှိသလို မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီနယ်စပ်မှ နှမ်းနီအပို့ရှိနေပါတယ်။ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၁၉ တန်ကျော်၊ နှမ်းဖြူ ၁၂၉၀ တန်ခန့်နဲ့ နှမ်းညိုတန် ၄၀ ကျော် စုစုပေါင်းနှမ်းရောင်စုံ ၂၄၄၉ တန်ကျော်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ နှမ်းနီ ၇၆ တန်အပို့ရှိခဲ့ပါတယ်။
ယခင်အပတ်တင်ပို့မှုထက် ၄၄၄ တန်ကျော်အပို့ပိုခဲ့တာတွေ့ရပါတယ်။ မူဆယ်မှနှမ်းနက်တင်ပို့မှု ယခင်အပတ် ထက်လျော့နည်းခဲ့သော်လည်း နှမ်းဖြူနဲ့နှမ်းညိုတင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ မြဝတီနယ်စပ်မှ နှမ်းနီတင်ပို့မှုကတော့ ယခင် အပတ်ကထက် ၃၅ တန်အပို့လျော့ခဲ့ပါတယ်။ မူဆယ်နဲ့ တစ်ဘက်ရွှေလီမြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ်ဖော်ပြ ပေး လိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၀၇၈၇၃ ၁၁၀၇၁၂၈ ၇၄၅ ၀ .၁ ၁၂၉၈ ၁၂၉၄ ၄ ၀ .၃နှမ်းနက် ၁၁၇၅၁၆၈ ၁၁၇၄၃၇၈ ၇၉၀ ၀ .၁ ၁၃၇၇ ၁၃၇၄ ၃ ၀ .၂ MIRT (DOBT)