Main menu

Background

မလေးရှား စားအုန်းဆီ သိုလှောင် လက်ကျန်များတာကြောင့် စားအုန်းဆီ ကြိုပွိုင့်ဈေး ကျဆင်းလာ

Sun, 09/09/2012 - 06:27 -- Anonymous (not verified)

ကမ္ဘာမှာ စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာ စား အုန်းဆီ သိုလှောင် လက်ကျန်ပမာဏ မြင့်တက်မယ်ဆိုတဲ့ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြမ်းဈေးဟာ စက်တင်ဘာလ ၅ ရက်မှာ တစ်ပတ်အတွင်း အနိမ့်ဆုံးကိုကျဆင်းလာပါတယ်။ ပြည်ပတင်ပို့မှုများပေမဲ့ ထုတ်လုပ်မှုမြင့်တက်နေဆဲ ဖြစ်လို့ သိုလှောင်လက်ကျန် ပမာဏဟာ ၉ လအတွင်း  အမြင့်ဆုံးကို မြင့်တက် နိုင်တယ်လို့ ကုန်သည်များ ခန့်မှန်းထားတာကြောင့် ယခင်ရက်က အမေရိကန် ပဲပုပ်ဈေးကွက် စံချိန်တင်မြင့်တက်တဲ့တိုင် စားအုန်းဆီဈေး က လျော့ကျ ရောင်းဝယ် နေခြင်းဖြစ်ပါတယ်။

စားအုန်းဆီလက်ကျန်ဟာ တန်ချိန် ၂ သန်းဝန်းကျင်အထက်ရှိနိုင်တယ် လို့လည်း Kenanga Investment  မှ လေ့လာဆန်းစစ်သူတစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှစဉ်းစားမယ်ဆိုရင် စားအုန်းဆီကြမ်းဈေးက ပဲပုပ်ဆီဈေး ထက် ပျမ်းမျှတစ်တန်ကန်ဒေါ်လာ ၂၉၀ လျော့ကျနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။  ပဲပုပ်နဲ့ပဲပုပ်ဆီဈေးပိုမိုခြင်းက စား အုန်းဆီလို ဈေးသက်သာတဲ့ စားဆီဘက်ကို စားသုံးသူတွေ ဝယ်ယူလာဖွယ်ရှိတာ ကြောင့်လို့ ၎င်း ကဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာချုပ်အခြေခံစံနှုန်းဈေးမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ရင်းဂစ် ၂၉၉၀ (ကန်ဒေါ်လာ ၉၅၉) ရှိလာခဲ့လို့ သြဂုတ်လ ၂၉ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီ သိုလှောင်မှုမြင့်တက်ခြင်းက ဝယ်လိုအားတိုးတက်မယ့် အလားအလာရှိ တဲ့ မလေးရှား စားအုန်းဆီအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အခြား အသီးအရွက်ဆီ ရောင်းချမှု မလုံလောက်ခြင်းအတွက် အစားထိုးဖို့ နောက် ၁၂ လအတွင်းမှာ စားအုန်းဆီအပေါ် မှီခိုရမှုက ကမ္ဘာ့နိုင်ငံများမှာ သိသိသာသာ မြင့်တက်လိမ့်မယ်လို့ ဟမ်းဘတ်အခြေစိုက် ဆီထွက်သီးနှံလေ့လာဆန်းစစ်သူ  Oil World  မှဆိုပါ တယ်။ ဒါပေမဲ့ အချို့ကတော့ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းက စားအုန်းဆီ စား သုံးမှုကျဆင်းမှာကို စိုးရိမ်နေကြပါတယ်။ အဓိကစားအုန်းဆီသုံးစွဲတဲ့ တရုတ်၊ အိန္ဒိယ၊ ဥရောပတို့မှ စက်မှုသုံးအတွက် ဝယ်လိုအားနည်းနိုင်တဲ့အတွက်  ကာလလတ် အတွင်း ဈေးနှုန်းမြင့်တက်လာခြင်းမရှိဘူးလို့ HSBC မှ ခန့်မှန်းထားပါတယ်။ယုဇန၊Source: Reuters