Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီအိတ်စပို့အဆွဲအေးလို့ ဈေးကျ

Sun, 09/09/2012 - 06:28 -- Anonymous (not verified)

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ် စပို့အဆွဲ လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၅၅၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၆၀၀၀ ကျပ် အတွင်း တန် ၅၃၃၆ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။  ယခင်အပတ်တွေက  ကုန်စည်ဈေးကွက်မှာ ဈေး ကစားမှုတွေရှိသလို ဈေးမငြိမ်မသက်မှုတွေဖြစ်လာတာကြောင့် ကုန် စည်ဒိုင်မှ တာဝန်ရှိသူတွေက  ဒိုင်အတွင်း တရားဝင်လုပ်ကိုင်ခွင့်ပြု ထားတဲ့ ပဲပွဲစားရှစ်ဦးရဲ့ ပွဲစားလုပ်ပိုင်ခွင့်ကို တရားဝင်ရပ်ဆိုင်းခဲ့ပါ တယ်။ ဒါကြောင့် အခုဆိုရင် ပြည်တွင်းပဲဈေးနှုန်းနဲ့ အိန္ဒိယ FOB  ဈေးနှုန်းကိုက်ညီတဲ့ဈေးကို ရောက်ရှိပြီး ပြည်တွင်းပဲဈေး ကွက်လည်း ပုံမှန်လည်ပတ်နေပြီလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီကာလမှာ အိန္ဒိယဘက်မှ အဝယ်အေးလို့ မတ်ပဲဈေးကျပေမယ့် လှောင်လက် ကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန်များများရှိနေသေးတယ် လို့ ကုန်စည်ဈေးကွက်မှ သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ် မှာ အိတ်စပို့အဆွဲလျော့သွားတာကြောင့် ဈေးအကျဘက်သို့ ဦး တည်နေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်ကလည်း နည်းလာ တာကြောင့် ပဲသစ်မပေါ်မီလက်ကျန်ပဲများကို ဈေးကွက်မျှော်လင့် ချက်နဲ့ ထိန်းရောင်းနေရတယ်လို့ ပဲကုန်သည်တစ်ဦးက သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၆၅၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၆၇၀၀၀  ကျပ်အတွင်း တန် ၁၁၅၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။