မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကအောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်) ဈေးနဲ့နေ့စဉ်အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲတီစိမ်းကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အ ရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲကိုတော့ ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅၀၆၉ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် ပုံမှန် ဝယ်နေပေမယ့် ဈေးက ယခင်အပတ်နဲ့စာရင် ငြိမ်နေတယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားသွက်နေသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ မြို့ခံနှမ်းကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၁၂ ကျပ်နဲ့ အိတ် ၃၀၀၀ ၊ နှမ်းနက်(စမုံ) တစ်ပိဿာ ၂၃၃၄ ကျပ်ဈေးနဲ့ အိတ် ၂၀၀၀၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၁၁၂ ကျပ်နဲ့ အိတ် ၁၅၀၀၊ နှမ်းနီ တစ်ပိဿာ ၁၈၉၀ ကျပ်ဈေးနဲ့ အိတ် ၄၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background