Main menu

Background

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲသာ အရောင်းအဝယ်ပါးပါးဖြစ်

Sun, 09/09/2012 - 06:36 -- Anonymous (not verified)

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ပဲမျိုးစုံအရောင်းအဝယ်က ရက်ခြားသာခပ်ပါးပါး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ဈေးလျော့ အဝယ်ရှိသလို ဝယ်အားပါအနည်းငယ်လျော့သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ကောင်းေ တာ့  ဈေးကွက် လည်းမြင့် လာတဲ့အပေါ် အခုလိုပဲဈေးကျလာတော့ လှောင်လက်ကုန်သည် တွေက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက် တွေက အဝယ်အေးသွားတာကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏ တွေလည်း ယခင်အပတ်နဲ့စာရင် နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၁၀ ကျပ် (တစ်တန်ကို ၆၁၈၅၁၃ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) ကတစ်ပိဿာ ၁၁၀၀ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ် ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆို ပါတယ်။