မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံကို ရန်ကုန်ဝယ်လက် နဲ့တရုတ်ဝယ်လက် အဝယ်အေးလို့ဈေး ကျပြီး နှမ်းမျိုးစုံကတော့ ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ မတ်ပဲကို ရန်ကုန်အ ဝယ်အေးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယအ ဝယ်အေးသွားတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၁၇ ကျပ်(တစ်တန် ကို ၆၂၂၈၀၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၁၇၀ ကျပ်(တစ်တန်ကို ၇၁၆၄၉၆ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ် ခဲ့တဲ့ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ တရုတ်ဝယ်လက်က အရည်အ သွေးကိုစိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင် ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၀၆၆ ကျပ်(တစ်တန် ကို ၆၅၂၈၀၇ ကျပ်)ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၁၁၀၂ ကျပ် (တစ်တန်ကို ၆၇၄၈၅၃ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကိုတော့ တရုတ်ဝယ်လက်နှင့် မြို့ခံဆီစက်လုပ်ငန်းရှင်များက ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၇၈ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၂၂၂ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၁၅၅၆ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၈၉ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background