ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲက ဈေးကွက်သို့ဝင်ရောက် မှုနည်းလာသလို ရန်ကုန်ဝယ်လက်ကလည်း အဝယ်နည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၂၀ ကျပ်(တစ်တန်ကို ၅၀၂၁၅၉ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အ ပတ်က တစ်ပိဿာ ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ရန်ကုန် အဆွဲအေးသွားတာကြောင့် တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၆ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံပဲခွဲစက်တွေ က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်နေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၃၅ ကျပ်(တစ်တန်ကို ၆၉၅၀၆၂ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background