တည်ဆောက်ရေးလုပ်ငန်းများမှာ မရှိမဖြစ်အသုံးပြုရတဲ့ ဘိလပ်မြေကိုမောင်တောနယ်စပ်မှ စက်တင်ဘာ လဆန်းမှာ တန်ချိန် ၄၈၀ ကျော် တင်သွင်းခဲ့ပြီး အမှတ်တံဆိပ်ကတော့ RUBY ဖြစ်ပါတယ်။ ဒေသမှာလက်လီဈေး အနေနဲ့ တစ်အိတ် ကို ၆၂၀၀ ကျပ်နဲ့ ရောင်းချပြီးတော့ လက်ကားဈေးမှာ တစ် အိတ်ကို ၆၀၀၀ ကျပ်ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုများ ရှိလာပြီဖြစ်လို့ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ဒေသအတွင်းသုံးစွဲရန် ဘိလပ်မြေအဝယ်လိုက်လာတာကြောင့် လတ်တလောအနေနဲ့ ကုမ္ပဏီ ၂ ခုမှ ဘိလပ်မြေ တန် ၁၀၀၀ နီးပါးလောက် တင်သွင်းဖို့ ရှိနေပြီး ရှေ့ဆက်၍လည်း ယခု ထက်ပိုမိုတင်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။SWM
Background