မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းဟာ သြဂုတ်လအတွင်းမှာ ကုလားပဲလုံးဝါ၊ ငရုတ်သီး ခြောက်နဲ့မတ်ပဲများကို ပို့ကုန်အမယ်သစ်အဖြစ်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းမှာလည်း အုန်းဆီ၊ စပျစ်သီးခြောက်နဲ့ ပရဆေး ကုန်ကြမ်း ကတ္တရသင်္ချေတို့ အမယ်သစ်သွင်းကုန်အဖြစ် တင် သွင်းမှုရှိလာတဲ့အတွက် ယခင်နှစ်ကာလတူထက်ရောအနီးစပ်ဆုံး ကာလထက်ပါ ကုန်သွယ်မှုများ ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ တမူးနယ်စပ် ကုန်သွယ်ရေးမှ တာဝန်ရှိသူထံက သိရှိရပါတယ်။
သြဂုတ်လမှာ ပို့ကုန်ကန်ဒေါ်လာ တစ်သန်းကျော်၊ သွင်းကုန်တစ်သန်းနီးပါးဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ နှစ်သန်းကျော် ရရှိခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလထက် ကုန်သွယ်မှုပမာဏ ကန် ဒေါ်လာ သုည ဒသမ ၇၃၉ သန်းနဲ့ ယမန်နှစ်ကာလတူ ထက်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ နှစ်သန်းခန့် ပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်ရဲ့သြဂုတ်လအများဆုံး ပို့ကုန်များမှာ ကွမ်း သီးခြောက်၊ ချင်းပဲ၊ ပန်းသီး၊ သရက်သီး၊ အုန်းသီး၊ စီးကရက်၊ နမ့်ဖာလုံကုန်စုံ၊ကုလားပဲလုံးဝါ၊ငရုတ်တ်သီးခြောက်နဲ့ မတ်ပဲတို့ ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်များမှာ ပရဆေးကုန်ကြမ်း ဆောင်းမေခါး၊ တောင်လုံးကျော်၊ ဇာတိပ္ဖိုလ်သီး၊ မင်သော်၊ ရှိန်းခို၊ ဟင်းရိုင်းဖြူ၊ ဂျုံစေ့၊ ပလပ်စတစ် အကြည်ပြား၊ ဆံပင်၊ အုန်းဆီ၊ စပျစ်သီးခြောက်နဲ့ ကတ္တရသင်္ချေတို့ဖြစ်ကြပါတယ်။ သြဂုတ်လအတွင်းတမူးနယ်စပ်ရဲ့အမယ်သစ်တင်ပို့ တင် သွင်းမှုပမာဏနဲ့ တန်ဖိုးများကို ဖော်ပြပေးလိုက်ရပါတယ်- တန်ချိန် တန်ဖိုး ပို့ကုန်ကုလားပဲလုံးဝါ ၁၅ .၅၀၀ ၀ .၀၁၂ငရုတ်သီးခြောက် ၁၆ .၉၆၀ ၀ .၀၂၁မတ်ပဲ ၆ .၅၀၀ ၀ .၀၀၈သွင်းကုန်ကတ္တရသင်္ချေ ၁ .၀၀၀ ၀ .၀၀၄အုန်းဆီ ၀ .၂၅၀ ၀ .၀၀၁စပျစ်သီးခြောက် ၀ .၁၈၀ ၀ .၀၀၀၁ CMK