ထိုင်းနိုင်ငံလုပ် ARROZA တံဆိပ်ဖွဲနုဆီများ မြန်မာစားသုံးသူများအတွက် ဈေးကွက်အတွင်းသို့ စတင် ဝင်ရောက်လာတာတွေ့ရပါတယ်။ ARROZA တံဆိပ်ဖွဲနုဆီများ အသုတ်၊ အကြော်အလှော်နဲ့ အကင်များအတွက် အထူးသင့် လျော်တယ်လို့သိရပါတယ်။ ARROZA ဖွဲနုဆီဟာ ပြစ်ခဲခြင်းမရှိဘဲ သန့်ရှင်း၍ အရသာကောင်းမွန်ခြင်း၊ ဗီတာမင်အီးနဲ့ မပြည့်ဝဆီများဟာအစားအစာမှ ကိုလက်စထရော်လ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှုကို တားဆီးနိုင်ခြင်း၊ High Smoke Point 230.C ရှိသဖြင့် ကြော်လှော်ခြင်း၊ ကင်ခြင်း၊ မုန့်ဖုတ်ခြင်းတို့ လုပ် ဆောင်ရာမှာ အိုးမကပ်စေခြင်း၊ Gama Oryzanol 5000 ppm ပါဝင်သဖြင့် ကျန်းမာရေး အတွက်သင့်လျော်တယ်လို့ဆိုပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှ ထောက်ခံချက်ရရှိပြီးဖြစ်၍ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်တင်သွင်းတာလို့သိရပါ တယ်။ ဈေးကွက်အတွင်းမှာ ၁ လီတာနဲ့ ၁ ဒသမ ၉ လီတာ ပလပ်စတစ်ပုလင်း များ နဲ့ စတင်ဖြန့်ချိတာဖြစ်ပြီး ဖွဲ့စည်းပုံကတော့ တစ်ဖာမှာ ၁ လီတာပုလင်း ၁၂ ပုလင်းနဲ့ ၁ ဒသမ ၉ လီတာဆန့် ၆ ပုလင်းစီ ပါရှိတယ်လို့ သိရပါတယ်။ လက်ကားဖြန့်ဈေး ၁ လီတာကို ၂၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ပဲပုတ်စေ့ဆီ ၁ လီတာ ကို ၂၁၅၀ ကျပ်နဲ့ ပြောင်းဖူးစေ့ဆီ ၁ လီတာကို ၁၉၀၀ ကျပ် ဝန်းကျင် ဈေးပေါက်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ဆန်စက်တွေ အများအပြားရှိပေမဲ့၊ ဖွဲနုဆီကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့်၊ ဈေး ကွက်မှာ ဖွဲနုဆီကို သီးခြားရောင်းတာ တွေ့ရခဲပါတယ်။ CMK
Background