မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၃၅၂ သန်းတန်ဖိုးရှိ သကြား ၅၇၃ တန်ကျော်ကို အပို့ ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင်တော့ ၄၄၆ တန်အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ၄၉၇ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၇၆ တန်အသီးသီးတင်ပို့ ခဲ့ကြပြီး ချင်းရွှေဟော်ရောမူဆယ်ကပါ ယခင်အပတ်ထက် တင်ပို့မှုလျော့နည်းခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)
Background