Main menu

Background

ဈေးနှုန်းစံချိန်တင်မြင့်တက်မှုက တရုတ်နိုင်ငံရဲ့ ပြောင်းဝယ်လိုအားကို လျှော့ချခြင်း မပြုနိုင်

Sun, 09/09/2012 - 07:02 -- Anonymous (not verified)

လယ်ယာထွက်ကုန်ဆက်စပ်လုပ်ငန်းများမှာ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီ ယံထိ ရင်းနှီးမြှုပ်နှံမှုရှိတဲ့ ချီကာကိုမှာ ပြောင်းဈေးက စံချိန်တင်မြင့်တက်ပြီးတဲ့တိုင် ကမ္ဘာမှာပြောင်းကို ဒုတိယအသုံးများတဲ့ တရုတ်နိုင်ငံရဲ့ ပြောင်းသုံးစွဲမှုကတော့ လျော့ကျခြင်းမရှိ ဆက်ပြီးများနေဆဲဖြစ်တယ်လို့ DWS ကမ္ဘာ့ လယ်ယာစီးပွားရေး ရန်ပုံငွေ အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုအထူးပြု  Bill  Barbour မှ ပြောကြားပါတယ်။ အမေရိကန်မှာ ၁၉၃၆ ခုနှစ်နောက်ပိုင်း အပူပြင်း ဆုံးဖြစ်ခဲ့လို့ တိရစ္ဆာန်အစာနဲ့ အီသနော ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ပြောင်းဈေးက ယခုနှစ်မှာ ၂၄ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး၊ ယခင်လက စံချိန်တင်တဲ့ဈေးကို ရောက်ရှိခဲ့ပါတယ်။

အာရှနိုင်ငံများဟာ စီးပွားရေးတိုးတက်မှုနှေးကွေးပြီး၊ ဈေးနှုန်းမြင့်တက်ပေမယ့် စားနပ်ရိက္ခာအတွက် ဝယ်လိုအားဆက်ရှိမယ်လို့ Bill  Barbour  မှ ဆိုပါတယ်။ အမေ ရိကန် စိုက်ပျိုးရေးဌာန(USDA)ရဲ့ စာရင်းတွေအရ ၁၉၉၀ ပြည့်နှစ်အစပိုင်း ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ အကျပ်အတည်းဖြစ်ခဲ့စဉ်က နှံစားသီးနှံနဲ့ ဆီထွက်သီးနှံ အတွက် ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုမရှိတာကိုတွေ့ရတဲ့အတွက် စီးပွားရေးတိုး တက်မှုနဲ့စားနပ်ရိက္ခာဝယ်လိုအားအကြား ကိုက်ညီမှုတွေမရှိဘူးလို့ ၎င်းင်းက ဆိုပါ တယ်။ ချီကာကိုမှာ သြဂုတ်လ ၁၀ ရက်ပြောင်းတစ်ဘူရှယ် ကန်ဒေါ်လာ ၈ ဒသမ ၄၉ (တစ်တန် ကန်ဒေါ်လာ ၃၉၉)ထိ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ စက်တင်ဘာလ ၄ ရက်မှာတော့ ကန်ဒေါ်လာ ၇ ဒသမ ၉၈၂၅ (တစ်တန် ကန်ဒေါ်လာ ၃၁၉)နဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးကတော့ စက်တင်ဘာလ ၄ ရက်နေ့မှာ တစ် ဘူရှယ် ကန်ဒေါ်လာ ၁၇ ဒသမ ၈၉ (တစ်တန် ကန်ဒေါ်လာ ၆၆၂)ထိ အမြင့် ဆုံးဖြစ်ခဲ့လို့ ယခုနှစ်မှာ ၄၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ပြောင်းတင်သွင်းမှုဟာ ဇူလိုင်လမှာ ယခင်လထက် ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့လို့ ၆ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ အကောက်ခွန်စာရင်း အရ သိရပါတယ်။ ၂၀၁၁-၁၂ ပထမ ၁၀ လအတွင်း တင်သွင်းမှုက စုစုပေါင်း တန်ချိန် ၄ ဒသမ ၂ သန်းရှိခဲ့ပြီး၊ ၁၉၉၅-၁၉၉၆ ခုနှစ်မှာ တန်ချိန် ၄ ဒသမ ၃ သန်း အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ပြောင်း ထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်ထက် ၁၃ ရာခိုင်နှုန်းလျော့ကျပြီး ဘူရှယ်ပေါင်း ၁၀ ဒသမ ၇၇၉ ဘီလီယံ (တန်ချိန် ၂၆၉ သန်း)အထိ ရှိနိုင်တယ်လို့ သြဂုတ်လ ၁၀ ရက်နေ့မှာUSDA က ခန့်မှန်းထားပါတယ်။ အထွက်နှုန်းအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ တစ်ဧက ၁၄၇ ဒသမ ၂ ဘူရှယ် (တန်ချိန် ၃ ဒသမ ၆၈)ရှိခဲ့ရာမှ ဘူရှယ် ၁၂၃ ဒသမ ၄ (တန်ချိန် ၃ ဒသမ ၀၈၅)ကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ယမင်းခင်၊Source: bloomberg.com