Main menu

Background

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကျဆင်းခဲ့သည့် အစီရင်ခံစာထွက်ပေါ်လာခြင်းက ရော်ဘာဈေးနှုန်းအပေါ် ဖိအားဖြစ်စေ

Sun, 09/09/2012 - 07:14 -- Anonymous (not verified)

သြဂုတ်လ ၃၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိကျဆင်းခဲ့တဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက စက်တင်ဘာလ ၄ ရက်နေ့မှာ တစ်တန်ကို ၂၇၆၄ ဒေါ်လာအထိ ၄၅ ဒသမ ၅၀ ဒေါ်လာ ဈေးမြင့်လာ တယ်။ ဒါပေမဲ့ သြဂုတ်လ ၂၈ ရက်နေ့ဈေးနှုန်းဖြစ်တဲ့ ၂၈၀၀ ဒသမ ၅၀ ဒေါ်လာနဲ့ ယှဉ်ရင်တော့ အားနည်းနေဆဲ ဖြစ် တယ်။

အမေရိကန်ဗဟိုဘဏ်အနေနဲ့  စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းတွေ ထပ်မံဆောင်ရွက်သွားဖွယ်ရှိတယ် ဆိုတဲ့ မျှော် မှန်းချက်ကြောင့် ရော်ဘာအပါအဝင် ကုန်စည်ဈေးနှုန်းတွေ ဦးမော့လာသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် အားနည်းလာခြင်း ၊ ကမ္ဘာ့ရော်ဘာဝယ်လိုအား အများဆုံး တရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကျဆင်းခဲ့တဲ့ အစီရင်ခံစာ ထွက် ပေါ်လာခြင်းတို့က ရော်ဘာဈေးနှုန်းအပေါ် ဖိအားဖြစ်စေ တယ်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ကလည်း ရော်ဘာဈေးနှုန်းမြင့်မား လာစေဖို့ ပြည်တွင်းမှ ရော်ဘာတွေဝယ်ယူ သိုလှောင်သွားရေး အတွက် နောက်ထပ်ဘတ်ငွေ ၁၅ ဘီလီယံ (ကန်ဒေါ်လာ သန်းပေါင်း ၄၈၀) တောင်းခံမှုကို ငြင်းပယ်လိုက်ခြင်းကလည်း ရော်ဘာဈေးနှုန်းကို အားနည်းစေခြင်း အကြောင်းရင်းတစ်ခု ဖြစ်တယ်။Source:brecorder.com, rubberboard.org.in,ပပ