Main menu

Background

မူဆယ်မှ ရော်ဘာ တင်ပို့လျက်ရှိ

Sun, 09/09/2012 - 07:12 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ သြဂုတ်လမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇူလိုင်လထက် ၂၄၉ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူနဲ့နှိုင်းယှဉ်လျှင်တော့ ၁၁၄၇ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်ဖက်နိုင်ငံရွှေလီရဲ့ ရော်ဘာပေါက်ဈေးများဟာ ဇူလိုင်လထက် ယွမ် ၅၀၀ ခန့် ဈေးတက်လာပြီး  RSS-3  နဲ့   RSS-5  တစ်တန်လျှင် ၁၈၅၀၀ မှ ၁၉၀၀၀ ယွမ် (၂၉၁၇-၂၉၉၇ ဒေါ်လာ) အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ မော်တော်ယာဉ် ထုတ်လုပ်မှုအရှိန်မြင့်နေ တဲ့အတွက် တာယာထုတ်လုပ်မှုများ မြင့်တက် လျက်ရှိရာ ကုန်ကြမ်းဖြစ်တဲ့ရော်ဘာများ ဝယ်လို အား နှစ်စဉ်မြင့်တက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံဟာ မော်တော်ကား တာယာထုတ်လုပ်မှုမှာ အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပြီး မော်တော်ကားတာယာအပြင် စက်ဘီးနဲ့မော်တော် ဆိုင်ကယ်တာယာများ၊ အခြားရော်ဘာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တဲ့အတွက် ရော်ဘာဝယ်လိုအားမြင့်တက်စေ လျက်ရှိပါ တယ်။ ဒါပေမယ့် ဒီနှစ်မှာ ကမ္ဘာ့ရော်ဘာ ဈေးကျဆင်းနေတဲ့အပြင် တရုတ်နိုင်ငံရဲ့ ရော်ဘာထွက်ရှိမှုတိုးတက်လာတဲ့ အတွက် ဈေးနှုန်းအရရော၊ ပမာဏအရပါ လျော့နည်းခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် ရော်ဘာတင်ပို့မှု ကျဆင်းခဲ့ရတာလို့ သိရပါ တယ်။ CMK