Main menu

Background

ငွေကြေးအာမခံမလိုဘဲ ကားဝယ်ယူနိုင်ပြီ

Sun, 09/09/2012 - 09:04 -- Anonymous (not verified)

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ချေးငွေဌာနသည် မော်တော်ယာဉ်ဝယ်ယူသူများအား  အငှားဝယ်ယူ ရောင်းချသောစနစ်ဖြင့် မော်တော်ယာဉ်ဝယ်ယူလိုသူများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခင်က ငွေကြေးအာမခံရှိမှသာ မော်တော်ယာဉ်များအား ဝယ်ယူနိုင်သော်လည်း ယခုအခါ တွင် ငွေကြေးအာမခံမလိုဘဲ မည်သူ မဆို ဝယ်ယူနိုင်ကြပြီဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံအာမခံထားရှိပေးရမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခအား ပြန်လည်ထုတ်ပေးခြင်း (Refund) နှင့် အရစ်ကျပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များထားရှိကြောင်း သိရသည်။မော်တော်ယာဉ်ရောင်းချသည့်ကုမ္ပဏီများမှ သတ်မှတ်ထားသည့်သက်တမ်းအလိုက် ကနဦးပေးသွင်းငွေ သတ်မှတ် ထားသည့်ရာခိုင်နှုန်းပေါ်မူတည်၍ ငှားရမ်းခကို သတ်မှတ်ပေးထားကြောင်း သိရသည်။ သက်တမ်းတစ်နှစ် ကနဦးပေး သွင်းငွေ ၂၀ ရာခိုင်နှုန်းတွင် ငှားရမ်းခမှာ ၈ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းတွင် ၇ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းတွင် ၅ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းနှစ်နှစ် ကနဦးပေးသွင်းငွေ ၂၀ရာခိုင်နှုန်းတွင် ငှားရမ်းခ ၁၂ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း သတ်မှတ်ပါက ငှားရမ်းခ ၁၁ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ထိုလုပ်ငန်းဆောင်တာ များကို လုပ် ဆောင်ရာတွင် ဘဏ်မှဝန်ဆောင်မှုအဖြစ် တစ်ရာခိုင်နှုန်းသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။အေဂျီဒီဘဏ်နှင့်ချိတ်ဆက်၍ အထက်ပါအစီအစဉ်အတိုင်း မော်တော်ယာဉ်ရောင်းချမည့် ကုမ္ပဏီများမှာ Fuji Yama Service Co., Ltd.၊ Aung Gyi Trading Co., Ltd.၊ Garmanit Trading Co., Ltd.၊ Shwe Yamone စသည်တို့ဖြစ်ကြောင်း  သိရသည်။                                                                 မယ်သီတာ