Main menu

Background

အပ်ကားများ အရောင်းအဝယ်ကောင်းလာပြီး ကျန်ကားများ အရောင်းအဝယ်အေးနေ

Sun, 09/09/2012 - 09:04 -- Anonymous (not verified)

စက်တင်ဘာလဆန်းပိုင်း  ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်အေးနေပြီး ယာဉ်အို/ဟောင်း အပ်နှံယာဉ်များနှင့် လေလံယာဉ် များသာ အဝယ်ရှိနေကြောင်းသိရသည်။

မြို့တွင်းကားပွဲစားတန်းများတွင် လူစည်ကားနေသော်လည်း ကားလာကြည့် သူများသာ များပြားနေပြီး အရောင်းအဝယ် သိပ်မဖြစ်ကြောင်း၊ လတ်တလော အပ်နှံလက် ခံနေသည့် 'ဗ'အက္ခရာယာဉ်များ အရောင်းအဝယ်ရှိေ နပြီး စလစ်ဈေး တန်းမှာ စက်တင်ဘာ ၅ ရက်မှစ၍ ဈေးအနည်းငယ်ပြန်အေးသွားကြောင်း၊ နောက် ပိုင်းအပ်နှံရမည့် အက္ခရာစဉ်လိုက် ယာဉ်များမှာ အဝယ်ပါးသော်လည်း အသင့်အတင့် အရောင်းအဝယ်ရှိကြောင်း၊ လက်ရှိအပ်နှံကားနှင့် အပ်နှံရက်ဝေးသောယာဉ်များမှာ ကားဂရိတ်ပေါ်ကြည့်၍ ကျပ် ၅ သိန်း၊ ၁၀ သိန်းခန့်ကွာကြောင်း လေလံယာဉ် များမှာ အရောင်းနည်းလာပြီး လိုက်လံကောက်ယူသူများလာသဖြင့်ဖြစ်ကြောင်း အပေါ်ဝိုင်း ဝါရင့်ပွဲစားများမှ ပြောသည်။စက်တင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့ရှိ ခန်းမကြီးများတွင် ကားအရောင်း ပြခန်းများမှ ကားပြပွဲများ ပြုလုပ်ရောင်း ချခဲ့ကြပြီး ပေါက်ဈေးထက်အနည်းငယ် လျော့၍လည်းကောင်း၊ ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်များဖြင့် လည်း ကောင်း ဆွဲဆောင်လာကြသော်လည်း လူအများမှာ အဝယ်နည်းပါးပြီး လာရောက် လေ့လာစောင့်ကြည့်သည့် သဘောသာ တွေ့ရှိရကြောင်း၊ အို/ဟောင်းအပ်နှံစလစ် ဖြင့်ဝယ်ရသည့် ယာဉ်များ ဈေးမာဆဲဖြစ်ပြီး အဝယ်နည်းကာ လူတိုင်းတင်သွင်း နိုင်သည့် ၂၀၀၇ ခုနှစ် မော်ဒယ်နှင့် အထက်ယာဉ်များမှာ အင်ဂျင်ပါဝါသေးပြီး ဆီစားနည်းသော ကားလေးများဖြစ်၍  မိသားစုများ နှစ်သက်ကြသော်လည်း ယခုအခါအဝယ်အေး၍ ဈေးတန်းလည်း အနည်းငယ်ဆင်းလာကြောင်း ဝါရင့် အကျိုးဆောင် ကိုမြင့်ကျော်မှပြောသည်။လတ်တလော ဝိုင်းထဲတွင် အရောင်းအဝယ်မကောင်းသော်လည်း အပ်နှံ စာရင်းပါဝင်သည့် ယာဉ်ပိုင်ရှင်များမှ ဆက်စီးလျှင် ကုန်ကျမည့် ပြင်ဆင်စရိတ်နှင့် နှိုင်းယှဉ်ကာ လက်ရှိပေါက်ဈေးဖြင့် ရောင်းချပြီး အင်ဂျင်သေး အမြင့်ကားများ ပြန်ဝယ်ယူမှု အသင့်အတင့်ရှိကြောင်း၊ အို/ဟောင်းယာဉ်အချင်းချင်းလှည့်ကောက် ကာ ၅ သိန်းမြတ်၊ ၁၀ သိန်းမြတ်ဖြင့် ရောင်းချမှုများရှိသလို ယခင်လက ဈေး ကောင်းခဲ့သည့် ရာသက်ပန်အငှားယာဉ် (စီအန်ဂျီသုံး) များအား သက်ဆိုင်ရာမှ စီအန်ဂျီအလှည့်ကျတပ်ဆင်ပေးမှုကြောင့် ယခုအခါ ကျပ်သိန်း ၂၀၀ အောက်ဖြင့် ပြန်လည်ရောင်းချလာသည်ကို တွေ့ရကြောငs်း ၎င်းမှပြောသည်။          SN