Main menu

Background

ကုန်စည်တင်လိုအားလျော့နည်းပြီး ကုန်တင်ကားများ ယခင်ကလောက် တွက်ခြေမကိုက်

Sun, 09/09/2012 - 09:05 -- Anonymous (not verified)

ပုသိမ်မြို့ရဲ့ စီးပွားရေးကဏ္ဍမှာအရေးပါတဲ့ ပို့ဆောင်ရေးလုပ်ငန်းမှာ အဓိကထွက်ကုန် ဆန်၊ ဆန်ထွက်ပစ္စည်းများနဲ့ အမယ်စုံကုန်စည်များ ရန်ကုန်သို့တင်ပို့မှုဟာ ယခင်ဆန်တစ်အိတ် တန်ဆာခ ၅၀၀ ကျပ်၊ ၆၀၀ ကျပ်ရရှိပြီး၊ ကုန်တင်ကားများ မှာလည်း ဆန်အိတ်ရေ ၃၅၀-၄၀၀ ထိတင်ဆောင်ကာ အသွားတစ်ကြောင်းကို ကျပ်နှစ်သိန်းနဲ့ နှစ်သိန်းအထက်ရရှိကာ တွက်ခြေကိုက်လျက်ရှိခဲ့ပါတယ်။

ယခုအချိန် ကုန်တင်ယာဉ်များကို ယာဉ်နဲ့ကုန်သတ်မှတ်တန် တင်ဆောင်ခွင့်ပြုချိန်မှာ ယာဉ် ၆ တန်-ကုန် ၆ တန်- ဆန်အိတ်ရေ ၁၂၀၊ ယာဉ် ၇ တန်-ကုန် ၇ တန်-ဆန်အိတ်ရေ ၁၄၀၊ ယာဉ် ၈ တန်-ကုန် ၈ တန်-ဆန်အိတ်ရေ ၁၆၀ သာ တင်ဆောင်ခွင့်ရလို့ ယခုဆန်တန်ဆာခမှာ တစ်အိတ်ကို ၇၀၀ ကျပ်နှုန်းဖြင့် ကျပ်တစ်သိန်း ပတ်ဝန်းကျင်သာရရှိကြောင်း၊ အကျိုးအမြတ် လျော့နည်းသွားကြောင်း၊ ကုန်တင်ယာဉ်ပိုင်ရှင်များ က ပြောကြားပါတယ်။ကုန်တင်ယာဉ်များ ကုန်သယ်ဆောင်ခွင့် လျော့နည်းသွားသော်လည်း စက်သုံးဆီ (ဂါလန်အနည်းငယ်လျော့)  လမ်းတံ တားကြေး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ အထွေထွေကုန်ကျစရိတ်များ လျော့နည်းမှုမရှိတာကြောင့် ပုသိမ်မြို့ပေါ်ရှိ ကုန်တင်ယာဉ် ၃ ပုံ ၁ ပုံခန့်မှာ လုပ်ငန်းရပ်နားထားရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြောင်း သိရပါတယ်။                                                                                      မင်းမင်းဦး