Main menu

Background

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်၍ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Sun, 09/09/2012 - 09:12 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၃၁ ရက် ၁၃း၀၀ နာရီမှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြအောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ၊ OSS အဖွဲ့ဝင်ဌာနဆိုင်ရာ အရာထမ်းများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌနဲ့ ကုန်သည်လုပ်ငန်းရှင် စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မြန်မာ့ နေလှန်းဆားများဝယ်ယူရန် ကမ်းလှမ်းလာမှုနှင့်ပတ်သက်၍ ပထမအကြိမ်ဘင်္ဂလားဒေ့ရှ်မှ ဆားလာရောက်ဝယ် ယူသည့်အခါ ပစ္စည်းဈေးနှုန်း၊ အရည်အသွေး၊ အလေးချိန်၊ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်နဲ့ ရေရှည်ဈေးကွက် ဖြစ်ပေါ်ရေးအတွက်စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ဘင်္ဂလားဒေ့ရှ်မှဆားဝယ်ယူမဲ့သင်္ဘော စစ်တွေသို့ ဝင် ရောက်လာစဉ် လုံခြုံရေးစနစ်တကျ စိစစ်သွားရန်နှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးသွားရန်၊ တစ်ဖက်နိုင်ငံမှ ဆားဝယ်ယူမည့်အဖွဲ့များလာ ရောက်စဉ် ပစ္စည်းတင်/ချအပါအဝင် အချိန်ကာလအား ရက်သတ္တတစ်ပတ်အတွင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်း သွားရန်၊ တရားမဝင် ကုန်စည်စီးဆင်းမှုလျော့နည်းပပျောက်ပြီး တရားဝင်လမ်းကြောင်းမှန်ပေါ်မှသာ ကုန်သွယ်မှု ဖြစ်ပေါ်ရေး ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက်ရန်၊ အခြားနိုင်ငံများမှ လုံခြုံစိတ်ချမှု မရှိသော ထုတ်ကုန်ပစ္စည်းများ ပြည်တွင်းဝင်ရောက်လာမှုမရှိရေးနဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ရန်၊ တစ်ဖက်နိုင်ငံမှ ဈေးကွက်ဝယ်လိုအားရှိတဲ့ ရေချိုငါးကိုဒေသတွင်းဖြစ်ထွန်းနိုင်မဲ့နေရာ များမှာ တိုးချဲ့မွေးမြူထုတ်လုပ်တင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များမှ ဝိုင်းဝန်း ကူညီဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။စစ်တွေမှာသာမက ရခိုင်ပြည်နယ်ကျောက်ဖြူမှာလည်း ဆားကွင်းများရှိရာ တစ်ဖက်နိုင်ငံ ဝယ်လိုအား ပေါ်မူတည်ပြီး မိမိတို့ကုမ္ပဏီလုပ်ငန်းရှင်များဘက်မှလည်း ရောင်းချနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နဲ့ ရေရှည်ဈေးကွက်ဖြစ်ပေါ်ရေး အသင်းမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ သက်ဆိုင်ရာ ဌာနများနဲ့ ကုန်သည်အသင်း၊ ကုန်သည်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။                                                           (နန္ဒ၊ စစ်တွေ)