Main menu

Background

ဈေးကွက်ဝယ်လိုအားရှိတဲ့သီးနှံကို တန်ဖိုးမြင့်ထုတ်ပြီး ဈေးကွက်မြှင့်တင်ရန်လိုအပ်

Sun, 09/09/2012 - 09:13 -- Anonymous (not verified)

မြန်မာနိုင်ငံ လယ်ယာထွက်ကုန်များရဲ့ အများဆုံးသီးနှံဖြစ်တဲ့ ပဲမျိုးစုံမှာ မတ်ပဲ၊ ပဲစင်းငုံဟာ အဓိကကျတဲ့ သီးနှံအမျိုးအမည်များဖြစ်ပါတယ်။ မတ်ပဲသီးနှံဟာ စပါးစိုက်ပျိုးပြီး၊ ဒုတိယသီးနှံအဖြစ် အများအပြားစိုက်ပျိုးတဲ့ သီးနှံဖြစ်ပါတယ်။ မတ်ပဲသီးနှံဟာ တောင်သူလယ်သမားများရဲ့ ဝင်ငွေလိုအပ်ချက် ကို ဖြည့်ဆည်းပေး တဲ့အပြင် မြန်မာ့ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် တောင်သူများမှလည်း လွယ်လွယ်ကူကူထွန်ယက် စိုက်ပျိုးနိုင်ပါ တယ်။ သီးနှံတစ်ဧက ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းဝန်းကျင်ရှိပြီး၊ တစ်ဧက ၁၀ တင်းနှုန်းထွက်ရင် ကျပ်နှစ် သိန်းဝန်းကျင်ရရှိတဲ့ သီးနှံဖြစ်လို့ ကုန်ကျစရိတ်နဲ့ ဝင်ငွေအချိုးမှာလည်း ၁ အချိုး၂ ရှိတာကြောင့် စိုက်ပျိုး သူများအတွက် အဆင်ပြေနိုင်တဲ့သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှာလည်း စပါးရိတ်သိမ်းပြီး၊ အစိုဓာတ် အမိအရ ဖမ်းကာ စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီးရင်လည်း ပြုစုမှုအနည်းငယ်သာပြုလုပ်ပါရတယ်။ သို့ပါ၍ စပါးတလင်း ကိုင်ခြွေလှေ့နေစဉ်မှာပင် စိုက်ပျိုးနိုင်တဲ့ပြုစုရလွယ်ကူတဲ့သီးနှံဖြစ်ပါတယ်။ ထပ်မံပြီး ဖြည့်စွက်တင်ပြရရင် မတ်ပဲသီးနှံဟာ ပြည်တွင်းစားသုံးမှုနည်းသလို ပြည်တွင်းရှိ စားသုံးသူများအတွက် ပြောပလောက်တဲ့ အကျိုး အပြစ်မရှိနိုင်ပါ။ စိုက်ပျိုးထွက်ရှိမှုမှာလည်း စိုက်နည်းစနစ်၊ သွင်းအားစုပေါ်မူတည်ပြီး၊ တစ်ဧက တင်း ၃၀ မှ ၃၅ တင်းအထိ ထွက်ရှိနိုင်ပါတယ်။ ထွက်သမျှ ပြည်ပတင်ပို့နိုင်တဲ့ ပြည်ပဝင်ငွေရရှိနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေအရ ပြည်ပကို ကုန်ကြမ်းအတိုင်းတင်ပို့ခြင်းသာ ဖြစ်ပါတယ်။ မတ်ပဲများကို ကုန်ကြမ်း အတိုင်း တင်ပို့မယ့်အစား ကုန်ချောအဖြစ်တင်ပို့နိုင်ရင် ဝင်ငွေပိုမိုရရှိမှာ ဖြစ်ပါတယ်။ ကုန်ကြမ်း မတ်ပဲတစ်တန် ဒေါ်လာ ၅၀၀ ဝန်းကျင်ရှိပြီး၊ ကုန်ချော(အခွံချွတ်ပြီး) မတ်ပဲတစ်တန်ဈေးမှာ ဒေါ်လာ ၁၀၀၀ အထက်ရရှိနိုင်လို့ နိုင်ငံရဲ့ ကုန်သွယ်မှုတန်ဖိုးမှာလည်း နှစ်ဆ ရရှိနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ ပိတ်ဆို့ဒဏ် ခတ်မှုများ ငွေကြေးပိတ်ဆို့တားဆီးမှုများကြောင့် တိုက်ရိုက်တင်ပို့ဖို့ အခက်အခဲရှိချိန်မှာ လက်ခစား စနစ်အဖြစ် ဆောင်ရွက်နေတဲ့ အထည်ချုပ်လုပ်ငန်း(CMP)ကဲ့သို့ ပြည်တွင်းမှ ပဲကုမ္ပဏီများမှ ပြည်ပကုမ္ပဏီများနဲ့ ဆက် သွယ်ခြင်း၊ ပဲအခွံချွတ်စက်များတည်ထောင်ပြီး လက်ခစားထုတ်လုပ်ပေးခြင်းဖြင့် မိမိတို့ထွက်ကုန်များရဲ့ တန်ဖိုး (ကုန်သွယ်မှုတန်ဖိုး) နှစ်ဆရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါတယ်။ ဘေးထွက်ပစ္စည်းဖြစ်တဲ့ မတ်ပဲအခွံ၊ မတ်ပဲအမှုန်များမှ တိရစ္ဆာန်အစားအစာရရှိတဲ့ အတွက် မွေးမြူရေးကဏ္ဍကိုပါ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ဝယ်လိုအားရှိတဲ့ သီးနှံဖြစ်ရေး အတွက် မိမိတို့ဘက်မှလည်း ရေလာမြောင်းပေးဆိုတဲ့စကားကဲ့သို့ ဈေးကွက် ကို ပြည်တွင်းကိုရောက်ရှိ လာအောင် ဆောင်ရွက်စေခြင်းဖြင့် တောင်သူများ စိုက်ပျိုးတဲ့ ပဲသီးနှံထဲမှ မတ်ပဲသီးနှံရဲ့အခြေအနေကို တင်ပြလိုက်ရပါ တယ်။ခေတ္တရာဟင်္သာ